cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
ဒီတစ်ပတ်မှာတော့ ပဲတီစိမ်းက စျေးတက်လာပြီး ၊ပြောင်း၊ မတ်ပဲ ၊ ပဲစဥ်းငုံ စျေးကျဆင်းကာ ပဲကြီးကစျေးတန်းငြိမ် ပါတယ်။
  •  မတ်ပဲ

     မတ်ပဲ ကတော့ ဒီတစ်ပတ်မှာလည်း အကျစျေးတန်းမှာပဲရှိ ပါတယ်။

    အိန္ဒိယနိုင်ငံမှာ မတ်ပဲအသစ်ပေါ်ပြီးစျေးကွက်ထဲဝင်ရောက်နေလို့ စျေးအေးနေသလို ပြည်တွင်း မှာလည်းမတ်ပဲအသစ်တွေပေါ်လို့ စျေးတန်းအေးနေတာဖြစ်ပါတယ်။ 

    ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၄၇၅၀၀၀ ကျပ် ရှိပါတယ်။အရငအပတ်က ဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းဝန်းကျင်သာဖြစ်ပါတယ်။

    မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို အဟောင်းက ၃၃၀၀၀၀ မှ ၃၄၀၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က ၃၀၅၀၀၀ မှ ၃၂၀၀၀၀ ကျပ်ရှိ ပါတယ်။ 

    ပဲစဥ်းငုံနီ

    ပဲစဥ်းငုံနီကတော့ အရင်အပတ်က တက်ရိပ်ပြခဲ့ပေမယ့် ဒီတစ်ပတ်မှာ တစ်တန်ကို ၁၅၀၀၀၀ လောက်စျေးပြန်ကျဆင်းပါတယ်။

    ပဲစဥ်းငုံနီတွေက ပြည်တွင်းမှာလည်းမိုးပဲအသစ်တွေပေါ်နေတဲ့အပြင်အိန္ဒိယကလည်းအဝယ်အေးနေလို့စျေးတန်းအေးနေတာဖြစ်ပါတယ်။

     ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၅၃၇၀၀၀ ကျပ်သာရှိပါတယ်။ 

    မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

    ပြောင်း

    အရင်အပတ်ကစျေးထပ်တက်လာတဲ့ပြောင်းက ဒီတစ်ပတ်မှာတော့ စျေးကျဆင်းပါတယ်။

    စျေးကျပြီး ဈေးအေးပေမယ့် အရောင်း အဝယ် အနေနဲ့ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်းပုံမှန်အဝယ်ရှိနေသလို ပြည်ပတင်ပို့မယ့်ဝယ်လက်ကုမ္ပဏီတွေကလည်းအဝယ်ရှိနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၅၀ မှ ၁၆၇၀ ကျပ်ရှိ ပါတယ်။ အရင်အပတ် ကထက်တစ်ပိဿာကို၁၀ကျပ်‌ေဈးကျပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၄၀၀၀ မှ ၈၅၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၂၀၀၀ ကျပ်ကျလာပါတယ်။ 

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း စျေးတွေထပ်မံမြင့်တက်လာပါတယ်။

    ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါက ဆောင်းရာသီစိုက်ပျိုးမှုစတင်ချိန်ဖြစ်လို့မျိုးဝယ်ယူသူတွေရှိတာကြောင့်စျေးတက်ပြီး မိုးပဲတီစိမ်းအညာနဲ့ ဝါးခယ်မပဲအသစ်တွေကတော့စျေးကွက်ထဲဝင်ရောက်နေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၀၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၂၁၅ ကျပ်၊ ပဲတီစိမ်းအညာကတစ်ပိဿာ ကို ၄၉၁၅ မှ ၄၉၃၅ ကျပ်ကြားရှိပြီးအရင်အပတ်ကထက် တစ်ပိဿာကို ၈၅ ကျပ်မှ ၁၆၅ ကျပ် ထပ်တက်လာပါတယ်။ဝါးခယ်မ FAQ က ၄၅၈၀ မှ ၄၆၀၀ ကျပ်နဲ့စျေးငြိမ်ပါတယ်။

     မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၁၅၀၀၀ ကျပ်ရှိနေပါတယ်။ အရင်တပတ်ကထက် ၅၀၀၀ ကျပ်တက်လာပါတယ်။

    ပဲကြီး

    ပဲကြီးက ဒီတစ်ပတ်မှာလည်း အရင်အပတ်အတိုင်းစျေးတန်းငြိမ်နေပါတယ်။

    ပဲကြီးက ပြည်တွင်းစားသုံးမှု အဓိကပဲ ဖြစ်တာကြောင့် စျေးအတက်အကျကပြည်တွင်းစားသုံးမှု၊ဝယ်လိုအားနဲ့လက်ကျန်ပဲအပေါ်လိုက်ပြီးစျေးပြောင်းလဲမှုရှိပါတယ်။

    လက်ရှိမှာပဲကြီးကို လုပ်ငန်းသုံးသမား၊လက်လီသမားတွေအဝယ်ပုံမှန်ရှိနေတာကြောင့်အတက်စျေးမှာပဲငြိမ်နေတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၃၄၅ ကျပ်မှ ၄၇၀၀ ကျပ်၊ ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၄၉၅၅ မှ ၅၁၅၅ ကျပ် ရှိပါတယ်။

    မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၂၈၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်၊ပဲကြီး (လတ်) ၂၅၀၀၀၀ မှ ၂၆၀၀၀၀ ကျပ်၊ပဲကြီး (သေး)က ၂၄၅၀၀၀ မှ ၂၅၀၀၀၀ ကျပ်စျေးရှိတယ်လို့သိရပါတယ်။

    AMIA


  • article
likes
6
comments
1
views
2222