cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ရန်ကုန်တိုင်းဒေသကြီး)

. Weather News
လက်ရှိအပူချိန်မြင့်၊ စိုထိုင်းဆနည်းချိန်တွင် ပဲပန်းပွင့်ချိန်နဲ့တိုက်ဆိုင်ပြီး လှေး(သရစ်ပိုး)များ ကျရောက် ဖျက်ဆီးနေသည်ကိုအဓိကတွေ့ရသဖြင့် လှေးပိုးနှင့်ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုလိုက်ပါတယ်။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်များတွင် ရာသီဥတု သာယာမည်ဖြစ်ပါကြောင်း၊ နေ့အပူချိန် တဖြည်းဖြည်းကျဆင်းလာပြီး အအေးဓါတ်အနည်းငယ်ဝင်လာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန််မှာ ၁၈.၂ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    တွံတေးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် ရာသီဥတု သာယာမည်ဖြစ်ပါကြောင်း၊ နေ့အပူချိန် တဖြည်းဖြည်း ကျဆင်းလာပြီး ညဘက် အအေးဓါတ် အနည်းငယ်ဝင်လာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၁၈.၆ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    သန်လျင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် ရာသီဥတု သာယာမည်ဖြစ်ပါကြောင်း၊ နေ့အပူချိန် တဖြည်းဖြည်း ကျဆင်းလာပြီး ညဘက် အအေးဓါတ် အနည်းငယ်ဝင််လာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃၃.၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၁၈.၂ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် ရာသီဥတု သာယာမည်ဖြစ်ပါကြောင်း၊ နေ့အပူချိန် တဖြည်း ဖြည်းကျဆင်းလာပြီး ညဘက် အအေးဓါတ် အနည်းငယ်ဝင််လာပြီဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃၂.၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၁၉.၃ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေး အကြံပြုချက်

    စိုက်ပျိုးရေးတောင်သူကြီးများအနေဖြင့် ဒီတစ်ပတ်မှာတော့ အောက်ပါအချက်တွေ ဆောင်ရွက်ပေးဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-

    လက်ရှိအပူချိန်မြင့်၊ စိုထိုင်းဆနည်းချိန်တွင် ပဲပန်းပွင့်ချိန်နဲ့တိုက်ဆိုင်ပြီး လှေး(သရစ်ပိုး)များ ကျရောက် ဖျက်ဆီးနေသည်ကိုအဓိကတွေ့ရသဖြင့် လှေးပိုးနှင့်ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုလိုက်ပါတယ်။

    သရစ်ပိုးကျရောက်ပါက ပိုးသတ်ဆေးတစ်မျိုးတည်းကိုပဲ အားမကိုးဘဲ လိုအပ်တဲ့ အာဟာရဖြည့်တင်း မှုကိုလည်း မျှတစွာထည့်သွင်းပေးဖို့လိုအပ်ပါတယ်။

    နိုက်ထရိုဂျင် (N) ရွက်ဖျန်းအားဆေးများအလွန်အကျွံဖျန်းခြင်းကိုရှောင်ပါ။

    စုပ်စားပိုးဖြစ်သောကြောင့် ဆေးတစ်ကြိမ်တည်းဖျန်းရုံနဲ့ မရပ်လိုက်ပါနဲ့။

    ပထမအကြိမ်အဖြစ် Acetamiprid+ Cyrantraniliprole (နံနက်ခင်းတွင်ဖျန်းရန်)၊ ဒုတိယအကြိမ် အဖြစ် Spinosad (သို့မဟုတ်) Triazophos (မနက်/ညနေဖျန်းနိုင်)

    တတိယအကြိမ်အဖြစ်လိုအပ်ပါက Dinotefuran (သို့မဟုတ်) Flupuradifurone (ညနေခင်းအစောပိုင်း ၃ နာရီခန့်တွင် ) ဖျန်းနိုင်ပါသည်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    ငါး/ပုစွန်မွေးတောင်သူကြီးတွေကို ဒီတစ်ပတ်မှာ အောက်ပါအချက်လေး ဆောင်ရွက်ဖို့ အထူးအကြံပေး လိုပါတယ်-

    ရာသီဥတုအေးလာပြီဖြစ်၍ အစာပမာဏကို သတ်မှတ်နှုန်းတားအောက်လျော့ကျွေးရန်၊

    မနက်စောစော (နံနက် 9:00 နာရီမတိုင်မီ)နဲ့ ညနေ 4:00 နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှား ရန်၊

    မနက် 9:00 နာရီနဲ့ ညနေ 4:00 နာရီအတွင်း အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
4
comments
0
views
1842