cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ယင်မဲ စစ်သည်ကောင် ( Black Soldier Fly )များကို ကျန်းမာစေဖို့ ပိုးမွှားများနှင့် ရောဂါများကို သတိပြု။

. Fish Articles
ယင်မဲ Black Soldier Fly (BSF) မွေးမြူရေးလုပ်ငန်းသည် ပုံမှန် ကြီးထွားနေသော်လည်း သတိမပြုပါက ပိုးမွှားနှင့်ရောဂါများသည် ကြီးမားသောပြဿနာများဖြစ်ပေါ်လာနိုင်သည်။
  • ယင်မဲ Black Soldier Fly (BSF) မွေးမြူရေးလုပ်ငန်းသည် ပုံမှန် ကြီးထွားနေသော်လည်း သတိမပြုပါက ပိုးမွှားနှင့်ရောဂါများသည် ကြီးမားသောပြဿနာများဖြစ်ပေါ်လာနိုင်သည်။ 

    ဥပမာ ပြောရမယ်ဆိုရင် 

    မကြာသေးမီက ယင်မဲ BSF မွေးမြူရေးခြံတစ်ခုသည် ရုပ်ဖုံးများကို တိုက်ခိုက်နေသည့် ကပ်ပါးနကျယ်များကျရောက်မှု့ခံစား ခဲ့ရသည်။ ထို့နောက် ပိုးမွှားများကို သန့်ရှင်းရေးလုပ်ရာတွင် ပိုးတုံးလုံးအများစုသည် ယင်ကောင်များမဖြစ်မီ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည် ( ပူးတွဲပါပုံကိုကြည့်ပါ)။ 

    ယင်မဲ ( Black Soldier Fly )မွေးမြူရေးသည့် တောင်သူများ သိထားရမည့်အချက်များ။ 

    ကပ်ပါးကောင်များ 

     မွှားပိုး များ၊ ကပ်ပါးနကျယ်များနှင့် အခြားသေးငယ်သောပိုးမွှားများသည် BSF သားလောင်းနှင့် ရုပ်ဖုံး Pupae ကို အန္တရာယ်ပြုနိုင်သည့်အပြင် ၎င်းတို့၏ကြီးထွားမှုကို နှေးကွေးစေပြီး ယင်မဲ ထုတ်လုပ်မှုကို ကျဆင်းစေသည်။  

    မှို 

    စိုထိုင်းဆ မြင့်မားခြင်းသည် ယင်မဲ၏ ပွားများနိုင်သည်ပမာဏကို ထိခိုက်စေသည့် မှိုများ ကူးစက်မှုကို ဖြစ်စေသည်။ 

    ဒီပြဿနာတွေကို ဘယ်လိုကာကွယ်ရမလဲ။ 

    ၁။ မွေးမြူရေးဧရိယာကို သန့်ရှင်းလုံခြုံအောင်ထားပါ။ 

    ၂။ သားလောင်းနှင့် ရုပ်ဖုံး (Pupae ) ကို ပိုးမွှားများ သို့မဟုတ် ကူးစက်မှု့ လက္ခဏာရှိမရှိ ပုံမှန်စစ်ဆေးပါ။ 

    ၃။ ဘေးကင်းပြီး သဘာဝ ပိုးမွှားထိန်းချုပ်ရေး နည်းလမ်းများကို အသုံးပြုပါ။ 

    သင်ခန်းစာ 

    အမြန်လုပ်ဆောင်ပြီး အမြဲသတိရှိပါ။ 

    ကျန်းမာသော ယင်မဲ ( BSF ) သားလောင်းများသည် ပိုမိုကောင်းမွန်သော မွေးမြူရေးရလဒ်များကို ရရှိစေပါသည်။ ပိုးမွှား သို့မဟုတ် ရောဂါကာကွယ်ထိန်းချုပ်မှု့များကို နှောင့်နှေးစေခြင်း မ ဖြစ်ပါစေနဲ့။ 

    https://www.linkedin.com/feed/hashtag/?keywords=circulareconomy&highlightedUpdateUrns=urn%3Ali%3Aactivity%3A7269947048840347648 


  • article
likes
3
comments
0
views
1911