cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တောင်သူ့စိုက်ခင်းထဲကပြဿနာတွေကို လေ့လာကြမယ် 🪴🐛🪴

. Pests Management
ဒီတစ်ပတ်မှာတော့ နယ်ပယ်အသီးသီးက တောင်သူတွေရဲ့ စိုက်ခင်းထဲမှာ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မျှဝေဆွေးနွေးပေးသွားပါမယ်။
  • ယခုဖော်ပြပေးထားတဲ့အကြောင်းအရာများကတော့ တောင်သူဘက်ကမေးထားတဲ့ က

    ငရုတ်ခင်းမှာ ရောဂါကျနေတဲ့ ပြဿနာတွေကို ထွက်တိုးစိုက်ပျိုးရေးပညာရှင်များက ပြန်လည်ဖြေကြားပေးထားတာဖြစ်ပါတယ်။

    ငရုတ်စိုက်တောင်သူများလည်း မိမိစိုက်ခင်းမှာ ဖော်ပြပါပုံအတိုင်းကျရောက်မှုရှိမရှိ ကင်းထောက်စစ်ဆေးကြည့်နိုင်ပါတယ်။

    စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ထွက်တိုးစိုက်ပျိုးရေးပညာရှင်များနဲ့ဆွေးနွေးလိုတယ်ဆိုရင်တော့ ထွက်တိုး App ရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်ခင်းဓာတ်ပုံနှင့်တကွ သိရှိလိုသောအကြောင်းအရာများကို မေးမြန်းနိုင်ပါတယ်။

    ***************

    ၁. စုပ်စားပိုး (လှေး) တင်ကျရောက်တဲ့လက္ခဏာဖြစ်ပါတယ်။ နိုက်ထရိုဂျင် (N) ရွက်ဖျန်းအားဆေးတွေ အလွန်အကျွံမဖျန်းပါနဲ့၊ လောလောဆယ် နားထားပါဦး။ ပိုးသတ်ဆေးအနေနဲ့ Acetamiprid/ Spinosad/ Fipronil လိုဆေးမျိုးကို အနည်းဆုံး ၂ကြိမ် တစ်လှည့်စီဖျန်းပေးပါ။

    ***************

    ၂. မှဲ့ပြောက်စွန်းရောဂါဖြစ်ပါတယ်။ Azoxystrobin/ Pyraclostrobin လိုဆေး Ai မျိုးကိုအသုံးပြုနိုင်ပါတယ်။ ပူနွေးတဲ့ရာသီဥတုနဲ့ စိုက်ခင်းစိုထိုင်းဆများတာကိုနှစ်သက်ပါတယ်။ ဒါကြောင့်စိုက်ခင်းစိုထိုင်းဆကို သေချာချိန်ညှိပြီး ပေါင်းမြက်များကိုသေချာရှင်းပေးပါ။ နိုက်ထရိုဂျင် (N) ရွက်ဖျန်းမြေဩဇာကိုအလွန်အကျွံမသုံးပါနဲ့။

    ***************

    ၃. သရစ်(လှေး) ကျနေတဲ့လက္ခဏာဖြစ်ပါတယ်။ လှေးပိုးက အရွက်အောက်မျက်နှာပြင်မှာ ဥအုပြီးအပူချိန်မြင့်ပြီး စိုထိုင်းဆနည်းတဲ့အခြေအနေမှာပွားများနှုန်းမြန်ပါတယ်။ ဒါကြောင့် စိုက်ခင်းအစိုဓာတ်ကိုချိန်ညှိပါ။ ပေါင်းမြက်ရှင်းတာ မဖြစ်မနေလုပ်ပေးပါ၊ ပုလဲနိုက်ထရိုဂျင်မြေသြဇာ၊ နိုက်ထရိုဂျင်ရွက်ဖျန်း အလွန်အကျွံမသုံးပါနဲ့။ ဆေးအနေနဲ့ လှေးပိုးအတွက် Spinosad, Spirotetramat, Fipronil, Acetamiprid, Thiamethoxam, Abamectin တို့လိုဆေးမျိုးကိုရွေးချယ်နိုင်ပါတယ်။ ဆေးတစ်မျိုးတည်းကို ထပ်ကာထပ်ကာမသုံးပါနဲ့။

    ***************

    ၄. ငရုတ်ပင်က ရောဂါကျနေတာမဟုတ်ပါဘူး။ မြေကြီးမှာအစိုဓါတ်များနေတာပါ။ ငရုတ်ပင်က ရေဝတ်တာမကြိုက်တဲ့အတွက် ရေမဝတ်စေဖို့ အပင်ခြေမှာ မြေကြီးကိုမြှင့်ပေးပါ။ လောလောဆယ် ဆေးဖျန်းဖို့မလိုအပ်သေးပါဘူး။ အပင်ပုံမှန်အတိုင်းအစိမ်းရောင်အရွက်ဖြစ်လာမှ ရွက်ဖျန်းအားဆေးအသုံးပြုပေးပါ။

    ***************

    ၅. ကိုင်းဖျားခြောက်လက္ခဏာပါ၊ မနက်ခင်းနှင်းတအားကျပြီး နေ့ခင်းဘက်ပူတော့ လက္ခဏာပေါ်ကနေ အဆွေးစားမှို (Saprophyte) တွေပေါက်နေတာဖြစ်ပါတယ်။ အရင်ဆုံး ကိုင်းဖျားခြောက်လက္ခဏာကိုအရင်းကနေညှပ်ပစ်ပြီးရှင်းလင်းပေးပါ။ ပြီးမှ Trifloxystrobin + Tebuconazole ကိုဖျန်းပေးပါ။ ရေအများကြီး သွင်းတာမျိုးမလုပ်ပါနဲ့။ ပိုတက်ရှ် (K) မြေဩဇာကို မြေကြီးမှာထည့်ပေးပါ။

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
  • article
  • article
  • article
  • article
likes
10
comments
0
views
2091