cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးကန်များတွင် ရေဩဇာလွန်ကဲများပြားခြင်းနှင့် ကန်ရေမျက်နှာပြင်တွင်ရေညှိများဖြစ်ပေါ်ခြင်း

. Fish Articles
“ကန်ရေ အစိမ်းရောင် ရင့်လေ ၊ ညဘက် ကန်အတွင်းအောက်စီဂျင် လျော့နည်းမှု များလေ” ဖြစ်တတ်ပါသည်။
  • ငါးမွေးကန်များသည် မိုးရာသီအကုန် ဆောင်းရာသီနှင့် နွေရာသီများတွင် ကန်ရေ၏အရောင်သည် အစိမ်း ရောင်လွန်ကဲပြီး၊ ကန်အတွင်းရှိ ငါးများသည် မနက်ပိုင်း နေရောင်မထွက်မှီကာလအတွင်း ကန်ရေမျက်နှာပြင်တွင် တက်ရောက်အသက်ရှူခြင်းများကို တွေ့ရတတ်ပါသည်။ အဆိုပါအခြေအနေသည် ကန်ရေအတွင်း အပင် မျှောလှေး(Phytoplankton)များပေါက်ဖွားမှုများပြီး ကန်ရေ၏အရောင်သည် အစိမ်းရောင်အရင့် (တနည်း) အစိမ်းရောင်လွန်ကဲနေရခြင်းဖြစ်ပါသည်။ အဆိုပါ အပင်မျှောလှေး (Phytoplankton) များ အသက်ရှင်ခြင်းမှ သေဆုံးခဲ့ပါက ရေညှိဖတ်များအသွင်ဖြစ်လာပြီး၊ ကန်အတွင်းရေညှိအလွှာများဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

    ငါးကန်ရေ၏အရောင်သည် အစိမ်းရောင်လွန်ကဲနေပါက၊ အလင်းအစာမှီ ဖွဲ့စည်းပုံအရ၊ ကန်ရေအတွင်းမှ အပင်မျှောလှေးများသည် နေရောင်ခြည် အကူအညီဖြင့် အစာချက်လုပ်ခြင်းကို ဆောင်ရွက်ပြီး ကန်အတွင်းသို့ အောက်စီဂျင် ထုတ်လုပ်ပေးခြင်းကို ဆောင်ရွက်ပါသည်။ အလင်းရောင်မရှိသော ည အချိန်တွင် ကန်အတွင်းရှိ အပင်မျှောလှေးများသည် ကန်အတွင်းရှိ ပျော်ဝင်အောက်စီဂျင်ကို စုပ်ယူသုံးစွဲပြီး၊ ကန်အတွင်းသို့ကာဘွန်ဒိုင် အောက်ဆိုဒ်ကိုထုတ်လွတ်ပေးပါသည်။ ထို့ကြောင့် ညအချိန်တွင် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်လျှော့နည်း ခြင်းသည် ပုံမှန်ထက် များပြားလာသဖြင့် ငါးများအတွက် အောက်စီဂျင်လိုအပ်ချက် များလာပါသည်။ “ကန်ရေ အစိမ်းရောင် ရင့်လေ ၊ ညဘက် ကန်အတွင်းအောက်စီဂျင် လျော့နည်းမှု များလေ” ဖြစ်တတ်ပါသည်။

    ထို့ကြောင့်ငါးမွေးတောင်သူများအနေဖြင့် ကန်ရေဩဇာ ရရှိစေရန်ဆောင်ရွက်ရာတွင် ကန်ရေ၏ အရောင် သည် အစိမ်းနုရောင် နှင့် အစိမ်းရောင်အဆင့်သာဆောင်ရွက်ပြီး အစိမ်းရင့်ရောင်ဖြစ်ပေါ်လာပါက အစိမ်းရောင် နုရောင်အဆင့်အဆင့်လျှေ,ချပေးခြင်းကို အောက်ပါအတိုင်းဆောင်ရွက်ပေးပါရန်အကြံပြုအပ်ပါသည်။

     တစ်ဧကလျှင် ဂျစ်ပဆန် ပိဿာ (၆၀)ထည့်ပေးပါ။

     တစ်ဧကလျှင် ကောပါးဆာလဖိတ် (၀.၆-၁) ပိဿာခန့်ကို အိတ်ငယ်ကလေးများအဖြစ်ခွဲထည့်ပြီး ရေအနက်(၆)လက်မခန့်တွင် ဝါးတိုင်ဖြင့် ချိတ်ဆွဲပေးထားခြင်း။

     ဩဂဲနစ်ဓါတ်ပေါင်းများကို စားသုံးသော ငွေရောင် ငါးကြင်းကို ရောနှောမွေးမြူခြင်းတို့ကို ဆောင် ရွက်နိုင်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
5
comments
0
views
2705