ဆောင်းရာသီမှာ ချဥ်ဖတ်စုံ လုပ်စားရအောင် 🍛🍛
- #မုန်လာချဉ်ဖတ် - မုန်လာဥ ၅ လုံးကို လှီးဖြတ်ထားပါ - ရှာလကာရည် အကြမ်းပန်းကန် ၁ လုံး - ရေ အကြမ်းပန်းကန် ၃ လုံး - ဆား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် ) - သကြား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် ) - အားလုံးရောဖျော်ပီး မုန်လာဥမြုပ်အောင် ထည့်ထားပါ - ၁ ညသိပ်ပီးရင် စားလို့ရပါပြီ - ပိုးတီကြိုက်ရင်တော့ ပိုးတီလှီးပီးမှ စိမ်စားလို့ရပါတယ် - #ပဲတီချဉ် - ရေတစ်လီတာ - ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း - ဆား ထမင်းစားဇွန်း ၁ ဇွန်း - သကြား ထမင်းစားဇွန်း တစ်ဝက် - အားလုံး ရောမွှေထားတဲ့ အချဉ်ရည်ထဲကို - ပဲပင်ပေါက်ကို ရေဆေးပီး ထည့်စိမ်လိုက်ပါ - ( ပဲပင်ပေါက်ကို အချဉ်ရည်ထဲ မြုပ်အောင်စိမ်ပီး - အဖုံးအုပ်ထားပေးပါ ) - တစ်ညသိပ်ပီးရင် စားလို့ရပါပြီ - #ကြောင်လျှာသီးချဉ်ဖပ် - ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပါ - ကြောင်လျှာသီးကို မထူမပါးလှီးပီး ပုလင်းထဲထည့်ပါ - ဆားထည့်ပီး ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပါ - ရေပေါ် ပေါလောပေါ်မနေအောင် ပုလင်းဝမှာ - ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ပါ - ပုလင်းအဖုံးကို ပိတ်ထားပေးပါ - သုံး လေးရက်ကြာရင် ချဉ်ဖတ်ရပါပီ - ဘာချဉ်ဖတ်ပဲလုပ်လုပ် - ရေပေါ် ပေါလော ပေါ်မနေစေပဲ - ရေထဲမြုပ်နေအာင် ပုလင်းဝမှာ - ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ထားပေးပါ - #ဟင်္ဂလာချဉ် - ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍ - ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ - ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး - ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ - ဟင်္ဂလာချဉ် ဖြစ်လာပါလိမ့်မယ် - အရောင်ဝါချင်ရင်တော့ - ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ - မဝါချင်ရင်တော့ ထည့်ဖို့ မလိုပါဘူး - ( နောက်တစ်နည်း ) - ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး - ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ - စဉ့်အိုး( သို့ ) ဇလုံထဲတွင် သိပ်ထားရင် ဟင်္ဂလာချဉ်ရပါပြီ - #တမာချဉ်ဖတ်လုပ်နည်း, တမာချဉ် လုပ်နည်း - တမာချဉ်ဖတ်နဲ့ တမာချဉ်ဆိုပီး ၂ မျိုးရှိပါတယ - အခါးကြောက်တတ်သူများအတွက် - တမာချဉ်ဖတ်လုပ်နည်းကို အရင်ပြောပြပါမယ် - တမာချဉ်ဖပ် လုပ်နည်း - ဆန်ဆေးရည်ငှဲ့ပီး ၁ ည သိပ်ကာ အချဉ်ခံထားပေးပါ - ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ - ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ - ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ - တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက် - ချဉ်ဖပ်တည်မယ့်အိုးထဲ ရေစစ်ထားတဲ့ တမာရွက်များ ထည့်ပါ - အချဉ်ခံထားတဲ ဆန်ဆေးရည် လောင်းထည့်ပါ - ဆား သင့်ရုံသာ ထည့်ပီး မွှေလိုက်ပါ - တမာရွက်ပြုတ်များ ဆန်ဆေးရည်ထဲ မြုပ်နေပါစေ - ပီးရင် အဖုံးအုပ်ထားလိုက်ပါ - ၂ ညသိပ်ပီးရင် တမာချဉ် မွှေးမွှေးလေး ရပါပီ - ခါးပေါ့ ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ တမာချဉ်ဖတ်ပါ - ( နောက်တစ်နည်း ) - တမာရွက်နုများကို ဇီးသီးနဲ့ ပြုတ်ပီး ရေစစ်ထားပါ - အိုးထဲထည့်ပီး ဆားအနည်းငယ်ထည့်ပီး အဖုံးအုပ်ထားပါ - ၂ ရက်, ၃ရက်ခန့် အချဉ်တည်ပီးရင် တမာချဉ် ရပါပီ - #တမာချဉ် လုပ်နည်း - ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ - ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ - ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ - တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက် - မကျည်းရည်ထဲ ၁ နာရီခန့် ထည့်စိမ်ထားလိုက်ပါ - တမာချဉ် ရပါပီ - #ကတက်ချဉ် - ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍ - ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ - ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး - ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ - ကတက်ချဉ် ဖြစ်လာပါလိမ့်မယ် - အရောင်လှချင်ရင်တော့ - ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ - ( နောက်တစ်နည်း ) - ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး - ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ - စဉ့်အိုး( သို့ ) ဇလုံထဲတွင် သိပ်ထားရင် ကတက်ချဉ်ရပါပြီ - #ကန်စွန်း ချဉ်ဖတ် - ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပီးနောက် - အပေါ်ယံ အရည်ကြည်များ သွန်ချပီး ဆားထည့်မွှေပေးပါ - ကန်စွန်းရိုးနဲ့ အရွက်များကို ရေစင်ကြယ်စွာဆေးပီး - ထို ဆန်ဆေးချဉ်ရည် ထဲမှာ ထည့်စိမ်ထားပါ - ၂ ရက်ကြာရင် ကန်စွန်းချဉ်ဖပ် ဖြစ်လာပါလိမ့်မယ် …….. - credit to ပဲခူး  ဒေါ်ထွေးရီ - Photo crd to All - ✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
 
 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
