cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး/မွေးမြူ‌ရေးနှင့် ရာသီဥတုဆိုင်ရာ အကြံပြုချက်

. Weather News
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့

    မိုးညိုမြို့နယ်

    မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အထိ ရှိနိုင်ပါတယ်။ ဇန်နဝါရီလ ၅ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁ ရှိနိုင်ပြီး ကျန်သောရက်များမှာ မိုးရွာရန် ရာခိုင်နှုန်း မရှိနိုင်ပါ။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၆°C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်

    လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မိုးရွာရန် ၁ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း မရှိနိုင်ပါ။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၆°C အမြင့်ဆုံးအပူချိန် ၃၃°C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်

    သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁၊ ဇန်နဝါရီ (၅) ရက်တွင် မိုးရွာရန် ၁ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ သာရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၁၇°C မှ အမြင့်ဆုံးအပူချိန် ၃၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့….

    စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက်

    ပဲခူးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများလက်ရှိကြုံတွေ့နေရသော မှဲ့ပြောက်စွန်းရောဂါအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။

    ဆီးနှင်းကျခြင်း၊ နေ့အပူချိန်မြင့်ခြင်း ( ၃၇ ဒီဂရီအထက်)၊ အာဟာရမျှတမှုမရှိခြင်းနှင့် ဖော့စ်ဖရပ်စ် (P) ချို့တဲ့သောမြေများတွင် မှဲ့ပြောက်စွန်းရောဂါအဓိက ကျရောက်တတ်ပါတယ်။

    ရောဂါကျရောက်သည်ကို စတင်တွေ့ရပါက Hexaconazole ကိုပထမအကြိမ် အသုံးပြုပါ။

    တစ်ပတ်ခြားပြီး ဒုတိယအကြိမ်အဖြစ် Tebuconazole+ Chlorothalonil ကိုအသုံးပြုနိုင်ပါတယ်။

    စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုလည်းသေချာရှင်းလင်းပေးပါ။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    ဒီတစ်ပတ်မှာ အအေးပိုလာနိုင်တာမို့ ငါး/ပုစွန်မွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ

    ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊

    ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊

    အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
3
comments
0
views
1191