ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးနှင့် ရာသီဥတုဆိုင်ရာ အကြံပြုချက်
- ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့ - မိုးညိုမြို့နယ် - မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အထိ ရှိနိုင်ပါတယ်။ ဇန်နဝါရီလ ၅ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁ ရှိနိုင်ပြီး ကျန်သောရက်များမှာ မိုးရွာရန် ရာခိုင်နှုန်း မရှိနိုင်ပါ။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၆°C ရှိနိုင်ပါတယ်ခင်ဗျာ။ - လက်ပံတန်းမြို့နယ် - လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မိုးရွာရန် ၁ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း မရှိနိုင်ပါ။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၆°C အမြင့်ဆုံးအပူချိန် ၃၃°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - သာယာဝတီမြို့နယ် - သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁၊ ဇန်နဝါရီ (၅) ရက်တွင် မိုးရွာရန် ၁ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ သာရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၁၇°C မှ အမြင့်ဆုံးအပူချိန် ၃၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ဒီတစ်ပတ်မှာ အအေးပိုလာနိုင်တာမို့ ငါး/ပုစွန်မွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ - ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊ - ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊ - အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊ - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
