၂၀၂၅ခုနှစ် ပဲစင်းငုံ အသစ်များဝင်ရောက်လာသော်လည်း ဈေးကောင်းမရရှိသေး
- လက်ရှိ ပဲ၊ နှမ်းဈေးကွက် အတွင်း ၂၀၂၅ခုနှစ် ပဲစင်းငုံအသစ် များဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေးရှိ နေသည်။ - နှစ်ကုန်ပိတ်ရက်များသောကြောင့် ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ်အေးနေကြောင်း ၊ လက်ရှိမှာ ပဲ၊နှမ်းများ တင်ပို့မှု အခက်အခဲကြောင့်လည်း အရောင်း အဝယ်အေးခြင်းဖြစ် ကြောင်း မြေပဲဆန် တစ်မျိုးသာ ဆီစက်ပိုင် များ အဝယ်ရှိနေသောကြောင့် အရောင်းအဝယ် ဖြစ်နေကြောင်း ၂၀၂၅ခုနှစ် ပဲစင်းငုံများ အသစ်ဝင်လာသော်လည်း လှောင်လက်သမားများ စောင့်ကြည့်နေသေးကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) ပိုင်ရှင်က ပြောသည်။ - `` ပဲ၊နှမ်းဈေးကွက်က ဈေးအကုန် အေးနေပါတယ်။ ပဲတွေ၊နှမ်းတွေ ကားနဲ့တင်ပို့ရာမှာ အခက်အခဲတွေရှိလာတော့ ကုန်သည်တွေ အရောင်းအဝယ် ကောင်းကောင်းမလုပ်နိုင်ကြဘူး။ရန်ကုန်အဝယ်တွေ အမှာမရှိဖြစ်နေလို့ အရောင်း အဝယ်အေး နေတာပါ။ မြေပဲဆန်လေး ကလည်း ဆီစက်ပိုင်တွေ ခပ်အေးအေးသာ အဝယ်ရှိနေတာပါ။ မတ်ပဲသစ်တွေကလည်း အရည်အသွေးကျဆင်းမှုရှိတော့ ဈေးကျအဝယ်အေးနေပါတယ်။ အသစ်ဝင် ပဲစင်းငုံက လည်း ဈေးကောင်းမရရှိသေးပါဘူး။ ဇန်နဝါရီ ၁၅ လောက်ဆိုရင် တော့ ပဲစင်းငုံ အသစ်တွေ အဝင်စုံ လာ ပါမယ်။ လက်ရှိမှာ ပဲစင်းအသစ် တွေကလည်း ဈေးကျဆင်းနေ ပေမယ့် လှောင်လက်သမားတွေ စောင့်ကြည့်နေပါတယ်။ ပြည်တွင်းသုံးကုလားပဲတွေလည်း ဈေးကျဆင်းနေတယ် ´´ ဟု ၎င်းက ပြောသည်။ - ဒီဇင်ဘာ ၂၆ ရက်တွင် ပို့ကုန် မတ်ပဲ (အသစ်) တစ်အိတ် လျှင် ငွေကျပ် ၂၉၇၀၀၀၊ ပဲစင်းငုံမှာ ပဲနှမ်း ဈေးကွက် အတွင်းစတင်ဝင်ရောက် လာသော် လည်းသုံးတင်းဝင်တစ်အိတ် လျှင် ငွေကျပ် ၃၃၀၀၀၀ ခန့် ပေါက်ဈေး ရှိနေသည်။ ပဲတီစိမ်း (အညာ) တစ်အိတ်လျှင်ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိ နေသည်။ - ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အဝယ်အေ ;နေရာ ဒီဇင်ဘာ ၂၆ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၆၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။ - ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ဈေးကျဆင်းလာ ရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကနေဒါစား တော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀-၈၅၀၀ ပေါက် ဈေး ရှိနေသည်။ - နှမ်းမျိုးစုံမှာ အရောင်းအဝယ် ပြန်သွက်လာရာ ဒီဇင်ဘာ ၁၉ ရက် တွင် နှမ်းနက်(စမုန်) ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၆၆၀၀၀၀၊ အက်စစ်လွတ်တစ်အိတ်လျှင် ငွေ ကျပ် ၆၈၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းဖြူ(ဗမာ-သစ်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေရာ နှမ်းအမျိုးအစားအလိုက် တစ် အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ကျော် ဈေးပြန်လည်း ကျဆင်း လာ ကြောင်း သိရသည်။ - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - ..... - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
