cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးမြူရေးကာလအတွင်း သတိထားရမည့်အချက်နှင့် ဆောင်ရွက်ရန်နည်းလမ်းများ

. Fish Articles
မွေးမြူရေးကာလ(၆)လအတွင်း ငါးသားပေါက်ထည့်သွင်းသည့် အရွယ်အစားအလိုက် ကြီးထွားနှုန်းလည်း ကွာခြားနိုင်ပါသည်။ ပုံမှန်အားဖြင့် ယခုကာလတွင် ငါးအရွယ်အစားသည် အလေးချိန်အားဖြင့် ၃၀ ကျပ် သားအောက်ခံရှိကြပါသည်။
  • ငါးမွေးတောင်သူအများစုသည် ၂၀၂၄ ခုနှစ်မိုးဦးနှင့်မိုးရာသီအတွင်း ငါးမွေးကန်များအတွင်း ငါးသား ပေါက်နှင့် ငါးဖျန်းများထည့်သွင်းမွေးမြူခဲ့ပါသည်။ ၂၀၂၅ခုနှစ်ဇန်နဝါရီလအထိ မွေးမြူရေးကာလ(၆)လခန့် ရှိပြီး ဖြစ်ပါသည်။ မွေးမြူရေးကာလ(၆)လအတွင်း ငါးသားပေါက်ထည့်သွင်းသည့် အရွယ်အစားအလိုက် ကြီးထွားနှုန်းလည်း ကွာခြားနိုင်ပါသည်။ ပုံမှန်အားဖြင့် ယခုကာလတွင် ငါးအရွယ်အစားသည် အလေးချိန်အားဖြင့် ၃၀ ကျပ် သားအောက်ခံရှိကြပါသည်။

    အဆိုပါငါးအရွယ် ၃၀ကျပ်သားအရွယ်တွင် ငါးများဆက်လက်ပုံမှန်ကြီးထွားနိုင်ရန်အတွက် ကန်ရေ အရည်အ‌သွေးသည် အရေးကြီးပါသည်။ ဖြည့်စွက်စာကို ကောင်းကောင်းကျွေးနိုင်ပါကလည်း ကန်ရေ အရည် အသွေးသည် မကောင်းပါက ငါးများကျန်းမာရေးညံ့ပြီး ကျွေးသော အစာကို ကောင်းစွာမစားနိုင်ကြပါ။ ကန်ရေ အရည်အသွေးသည် မိမိကန်၏ ကန်ရေအနက်နှင့်လည်း သက်ဆိုင်ပါသည်။

    ငါးမွေးကန်တစ်ခု၏ ကန်ရေအနက်မှာ ၄ပေ မှ ၆ပေ အတွင်း ရှိသင့်ပါသည်။ ကန်အတွင်းရှိ အချို့နေရာများတွင် ရေအနက် ပိုမိုပါက သင့်လျှော်ပါသည်။ ကန်ရေအနက်(၃)ပေအောက် ရောက်ရှိပါက၊ ကန်ရေအပူချိန်မြင့်မား လာစေရန် လွယ်ကူပြီး၊ ရေတွင်ပျော်ဝင်နေသော အောက်စီဂျင်ကို လျော့နည်းစေပါသည်။ ရေ၏ချဉ်ဖန်နှုန်းမှာလည်း ကျဆင်းလာပြီး အက်စစ်အသွင်ကူးပြောင်းခြင်းတို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ရေတွင်ပျော်ဝင်မှုကို ဖြစ်စေပါသည်။

    ငါးမွေးကန်များတွင် ရေဩဇာရရှိနေခြင်းသည် ငါးတို့၏ သဘာဝအစာဖန်တီးပေးခြင်းဖြစ်ပါသည်။ ထို့ ကြောင့် ငါးကန်၏ ကန်ရေကို အမြဲတမ်းအစိမ်းရောင်ဖြစ်လာစေရန်(တစ်နည်း ရေဩဇာတက်လာစေရန်) မြေဩ ဇာထည့်သွင်းခြင်းကို ဆောင်ရွက်ကြပါသည်။ ငါးမွေးကန်အတွင်း မြေဩဇာထည့်သွင်းပြီး (၂)ပတ်(သို့မဟုတ်) ၁ ၄ရက်ကြာသောအခါ ကန်ရေဩဇာအမြင့်ဆုံးအခြေအနေရောက်ရှိလာပါသည်။ တစ်နည်းအားဖြင့် သက်ရှိအစာ ပေါက်ဖွားနှုန်းသည် အမြင့်ဆုံးရောက်ပြီးနောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလာပါသည်။ ကန်အတွင်း ငါးများ ဆက်လက်ပုံမှန်ကြီးထွားရန်အတွက် သဘာဝအစာ အမြဲဆက်လက်ရှိနေစေရန် လိုအပ်သောကြောင့် (၂)ပတ် ၁၄ ရက်လျှင် မြေဩဇာများထပ်မံဖြည့်ထည့်ပေးရန်လိုအပ်ပါသည်။ ထိူသို့မဟုတ်ပါက ကန်အတွင်းမွေးမြူထား သောငါးများ အဟာရချို့တဲ့ပြီး ငါးများကြီးထွားခြင်း မရှိနိုင်ပါ၊ ရောဂါကျရောက်ခြင်းများရှိလာနိုင်ပါသည်။

    မြေဩဇာထည့်သွင်းရမည့်နှုန်းကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

    မြေဩဇာအမျိုးအစား တစ်ဧကထည့်သွင်းရမည်နှုန်း

    သစ်ရွက်ဆွေးမြေဩဇာ - ၃၁ ပိဿာ မှ ၆၂ ပိဿာ

    ယူရီယားမြေဩဇာ - ၄ ပိဿာ မှ ၉ ပိဿာ

    တီစူပါ မြေဩဇာ - ၃ ပိဿာ မှ ၄ ပိဿာ

    ထည့်ရမည့်အကြိမ် - ၇ ရက်တစ်ကြိမ်

    ဦးဆန်းအောင်

    ထွက်တိုး

    -----------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes
3
comments
0
views
1368