ကြက်သွန်နီ လက်လီစျေးပြန်တက်ပြီး တောစျေးကျဆင်းနေသေး 🧅🧅
- လက်တလော ကြက်သွန်သစ်များပေါ်နေသည့်အတွက် တောစျေးမရသော်လည်း လက်လီစျေးတွင် နယ်စုံ လှိုင်လှိုင်မပေါ်သေး၍ စျေးကွက်သို့ အနည်းငယ် သာရောက်နေသေးသည့်အတွက် စျေးတက်နေခြင်း ဖြစ်ကြောင်း ကြက်သွန်စိုက်တောင်သူများ ဆိုသည်။ - “ကြက်သွန် အခြောက်စျေးက စျေးမရဘူး။ အစိုစျေးကတော့ အနည်းငယ် စျေးကောင်း နေသေးတယ်။ တောဘက်မှာတော့ စျေးကွက်က မကောင်းဘူး၊ ပြီးခဲ့တဲ့ လနဲ့ ယှဉ်ရင် စျေးတွေ ကျသွားတယ်၊ နွေ ကြက်သွန်က သိပ်မကျန်တော့ဘူး။ အခု မိုးကြက်သွန်တွေပဲ အရောင်း ဝယ်ရှိတယ်” ဟု မြင်းခြံခရိုင် မှ ကြက်သွန်စိုက်တောင်သူ ကျော်စိုးက ပြောပါသည်။ - တောစျေး ကြက်သွန်နီ အခြောက်မှာ တစ်ပိဿာလျှင် ၁၁၀၀ မှ ၁၂၀၀ သာရှိပြီး အစို စျေး တစ်ပိဿာလျှင် ၁၇၀၀မှ ၁၈၀၀သာရှိကာ အချိန်မရွေး စျေးပြောင်းလဲနိုင်ကြောင်း သိရပါသည်။ - အဆိုပါနှုန်းထားမှာ စိုက်စရိတ်သာရ၍ အရှုံးပေါ်နေကြောင်းလည်း သိရသည်။ - လက်ရှိ ကြက်သွန် အသစ်များ ဝင်နေပြီဖြစ်ပြီး အဝင်များသည့်ရက်များတွင် စျေး ချရောင်းနေရပြီး အဝင်များသည့်ရက်တွင် စျေး ထိန်းရောင်းနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကုန်သည်များထံမှ သိရပါသည်။ - “ကားဝင်များတဲ့အတွက် အဖွင့်စျေးလျှော့ရောင်းရပါတယ်။ ကားများတဲ့နေဆို တရားဝင်စျေးချ ရောင်းကြတယ်။ ကြက်သွန်အသစ်တွေကို စားသုံးသူတွေ မကြိုက်ကြဘူး ၊အဟောင်းပဲ ရောင်းရတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကုန်သည်ပွဲစားတစ်ဦးပြောသည်။ - ဘုရင့်နောင်ပွဲရုံတွင် ဆိပ်ဖြူ ကြက်သွန် တစ်ပိဿာလျှင် အရွယ်အစားအရည်အသွေး ပေါ် မူတည်ပြီး ၁၆၀၀ကျပ်မှ ၄၂၀၀ ကျပ်၊ မြင်းခြံ တစ်ပိဿာလျှင် ၁၈၀၀ မှ ၄၂၀၀ကျပ် ဖြင့် လည်ကောင်း မုံရွာ ကြက်သွန် တစ်ပိဿာလျှင် ၁၇၀၀ကျပ် မှ ၄၂၀၀ ကျပ်နှင့် ပခုက္ကူတစ်ပိဿာလျှင် ၂၂၀၀ မှ ၄၃၀၀ ကျပ်အထိ စျေးကျသွားကြောင်း သိရပါသည်။ - ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ဒုတိယ အပတ်က တစ်ပိဿာလျှင် ၅၀၀ခန့် ကျဆင်းခဲ့သော်လည်း ဒီဇင်ဘာ နောက်ဆုံးဘက်တွင် တစ်ပိဿာလျှင် ၂၀၀မှ ၄၀၀ ကျပ် အထိ ပြန်တက်လာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။ - လက်ရှိ ကြက်သွန် အသစ်များသာ အရောင်းအဝယ် ပြုလုပ်နေပြီး လက်ကျန် ကြက်သွန် များမှာ စျေးကွက်တွင် သိပ်မရှိတော့ကြောင်း သိရပါသည်။ - လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ခက်ခဲ့သည့် နေရာများတွင် ကြက်သွန်လက်လီ စျေးတက်နိုင်ကြောင်း သိရသည်။ - မြန်မာနိုင်ငံထွက် ကြက်သွန်များ ကို နယ်စပ်ကုန်သွယ်ရေးနှင့် ရေကြောင်းကုန်သွယ်ရေး တို့မှ တဆင့် ပြည်ပနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။ - ပြည်တွင်းတိုက်ပွဲများကြောင့် နယ်စပ် များသို့ တင်ပို့နေကြသည့် ကုန်သည် တချို့ မှာ တင်ပို့မှုရပ်နားခဲ့ရသည့် အခြေအနေများလည်းရှိခဲ့ကြောင်း သတင်းရရှိပါသည်။ - ဖိုးချဲ(AMIA) - ..... - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
