မန္တလေးတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မန္တလေးတိုင်း မိုးမရှိပါဘူး။ တစ်ပတ်အတွင်း ညအပူချိန်များကျဆင်းပြီး အေးမြတဲ့ဆောင်းဥတုကို ရရှိနေပါလိမ့်မယ်။ - Source: Su Su San - မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရမ်းချဉ်စိုက်တောင်သူများထံသို့ - အေးမြတဲ့ဆောင်းရာသီဥတု အခြေနေဖြစ်တဲ့အတွက် ခရမ်းချဉ်စိုက်ခင်းတွေမှာ ခရမ်းချဉ်နှောင်းပင်နာကျရောဂါ ကျရောက်တတ်ပါတယ်။ - ဒီရောဂါကတော့ ရွက်မွှာများ၏ အစွန်းတစ်လျှောက်တွင် ရေစိုနာကွက်များဖြစ်ပေါပြီး အရွက်ရဲ့ အောက်မျက်နှာပြင်ကို ကြည့်လိုက်ရင် အဖြူရောင်မှိုများကို တွေ့ရပါတယ်။ - ခရမ်းချဉ်စိုက်ခင်းတွေမှာ နှောင်းပင်နာကျရောဂါကျရောက်ခဲ့ရင် - • စိုက်ခင်းကိုရေမဝပ်ရန်အရေးကြီးပါတယ်။ - • လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် ပတ်ဝန်းကျင်အစိုဓါတ်လျှော့ကျစေရန် အောက်ရွက်များကို ခြွေပေးရပါမယ်။ - • အရွက်မျက်နှာပြင်ပေါ်မှာ ရေတင်တာမျိုးမရှိအောင် ရေကိုအပေါ်ကဖျန်းတာမျိုးကို ရှောင်ရှားသင့်ပါတယ်။ - • ကာကွယ်နှိမ်နင်းဖို့ဆိုရင်တော့ မှိုသတ်ဆေးများ အနေနဲ့ ကလိုရိုသာလိုနေး၊ မန်ကိုဇတ်၊ ဆိုင်မောက်စနေး၊ ဒိုင်မီသိုမောစ်စတဲ့ဆေးများကို အသုံးပြုနိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - • မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - • ညဘက်အေးပြီး နေ့ခင်းပူတဲ့အတွက် ညဘက်မှာ အောက်ဆီဂျင်ပြတ်လက်တာတွေကြုံရနိုင်သဖြင့် ညဘက်နဲ့ မနက်စောစောတွင် ရေလှည့်ပေးရန်၊ - • နံနံခင်းတွင် ၉:၀၀ နာရီနောက်ပိုင်းမှသာ အစာကျွေးရန်၊ - • ညနေ ၃:ဝဝ နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှားရန်၊ - ✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
