ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ဖျာပုံပေါ်ဆန်းမွှေးဆန်း ပျမ်းမျှဈေးနှုန်း သုံးသပ်ချက်
- ၂၀၂၅ခုနှစ်၊ ရန်ကုန်(ဝါးတန်း)ဈေးကွက်ရှိ ပေါ်ဆန်းမွှေးဆန်(ရွှေဘို)နဲ့ ပေါ်ဆန်းမွှေးဆန်(ဖျာပုံ) ဈေးနှုန်း များကို လေ့လာသော် ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်) တစ်အိတ်လျှင် ၁၄၀,၀၀ဝိ/-ကျပ်မှ ၁၅ဝ,၀၀ဝိ/-ကျပ်အထိ၊ ဖျာပုံပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်)တစ်အိတ်လျှင် ၁၁၀,၀၀ဝိ/-ကျပ်မှ ၁၂၅,၀၀ဝိ/-ကျပ်အထိ၊ အသီးသီးဈေး ပေါက်နေပါတယ်။ - ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ခုနှစ် လအလိုက်သုံးသပ်ခြင်း - ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ် (၂၄ပြည်)တစ်အိတ် ပျမ်းမျှဈေးနှုန်းများကို ပြန်ကြည့်ရင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၂၈,၇၅ဝိ/-ကျပ်၊ မတ်လတွင် ၁၃၅,၄၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁၃၀,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၃၉,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၄၈,၇၈၁/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၄၀,၀၀၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၁၄၃,၄၀ဝိ/-ကျပ်၊ အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ၁၄၅,ဝ၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင်လည်း ၁၄၅,ဝ၀ဝိ/-ကျပ်ဖြင့် ဈေးဖြစ်နေပါတယ်။ - ဖျာပုံပေါ်ဆန်းမွှေးမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၀၅,၀၀ဝိ/-ကျပ်၊ မတ်လတွင် ၁၁၀,၅၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁ဝ၅,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၁၆,၆၅၀ိ/- ကျပ်၊ ဇွန်လတွင် ၁၂၆,၄၉၈/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၁၅,၀၀၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၁၁၆,၇၀ဝိ/-ကျပ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ၁၁၇,၅၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တွင်လည်း ၁၁၇,၅၀ဝိ/-ကျပ်ဖြင့် ဈေးဖြစ်နေပါတယ်။ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နှိုင်းယှဉ်ချက် - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပျမ်းမျှဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရွှေဘိုပေါ် ဆန်းမွှေးနဲ့ ဖျာပုံပေါ်ဆန်းမွှေး အမျိုးအစားနှစ်ခုလုံး ယခင်လပျမ်းမျှဈေးနှုန်းအတိုင်းရှိနေပြီး ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ - သုံးသပ်ချက် - ဟောင်းလက်ကျန်နဲ့ ဆန်အသစ်များ ပုံမှန်ဝယ်လိုအားရှိနေတဲ့အတွက် ပေါ်ဆန်းမွှေး အမျိုးအစား (ရွှေဘို၊ ဖျာပုံ)နှစ်မျိုးလုံးရဲ့ ပျမ်းမျှဈေးနှုန်းများ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ - ဈေးကွက် ခန့်မှန်းချက် - ခန့်မှန်းချက်အနေဖြင့် ဈေးဆက်ငြိမ်နေပြီး အကျဘက်ကို ဦးတည်နိုင်ကြောင်း ခန့်မှန်းပေးလိုက်ရပါ တယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ - ဦးပြည့်ဖြိုးအောင် - ထွက်တိုး - ------- 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
