cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ဧရာဝတီတိုင်း)

. Weather News
လက်ရှိစပါးပင် ပင်ပိုင်းကြီးထွားချိန်တွင်အဓိကကျရောက်နေသော လှေးပိုးအတွက်ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • တစ်ပတ်အတွင်း ဧရာဝတီတိုင်း မိုးမရှိပါဘူး။

    ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေပါလိမ့်မယ်။ နေ့အပူချိန် 31°C၊ ညအပူချိန် 19°C အထိကျဆင်းအေးမြသာယာနေပါလိမ့်မယ်။

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • လက်ရှိစပါးပင် ပင်ပိုင်းကြီးထွားချိန်တွင်အဓိကကျရောက်နေသော လှေးပိုးအတွက်ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။

    • ပင်ပြလက္ခဏာအနေနဲ့ စပါးရွက်ထိပ်ဖျားပိုင်းတွင် ခေါက်ပြီးပြန်ဖြန့်ထားသကဲ့သို့ တွန့်ခေါက်နေသောလက္ခဏာကိုတွေ့ရပါတယ်။

    • နောက်ပိုင်းတွင် စပါးရွက်များလိမ်ပြီးခြောက်သွားသည်ကိုတွေ့ရပါတယ်။

    • ပျိုးခင်းတွင်ကျရောက်ပါက ပျက်စီးဆုံးရှုံးမှုများတဲ့အတွက် သေချာကွင်းဆင်းစစ်ဆေးပေးပါ။

    • စပါးပင် ၂၅ % ပင်ပိုင်းကြီးထွားချိန်တွင် ကျရောက်ပါက စပါးပင်ကိုရေမြုပ်လုခင်ထိ(၁ ရက်ခွဲ)ခန့် သွင်းထားပြီးရေထုတ်ပေးပါ။

    • မြေခံတွင် Fipronil ကိုထည့်သွင်းပေးပါ။

    • ကြိုတင်ကာကွယ်သည့်အနေဖြင့် EM နှင့် သဘာဝတမာပိုးသတ်ဆေးကို ရောနှောအသုံးပြုနိုင်ပါတယ်။

    • အသုံးပြုနိုင်သောဓာတုဆေးများ- Fipronil, Cartap hydrochloride

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    • ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    • ဈေးကွက်ရောင်းတန်းဝင်အကောင်ကြီးမွေးကန်များအနေဖြင့် ကန်ဖော်ခြင်းကိုဆောင်ရွက်ရန်၊

    • မျိုးငါးကန်များအနေဖြင့် အောင်ဆီဂျင်ရရှိရေးကို ဆောင်ရွက်ရန်၊

    • မျိုးငါးကန်များအနေဖြင့် အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများကျွေးရန်၊

    • ပြွတ်သိပ်စွာမွေးမြူခြင်းကို ရှောင်ရှားရန်နဲ့ သတ်မှတ်အကောင်ရေအတွက်သာထည့်၍ မွေးရန်၊

    -----

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes
4
comments
1
views
1994