တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း အစတွင် နှမ်းနက်(ထိပ်စ) သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထား သည်။
တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်လိုင်းအဝယ်များသည့် ပဲ တီစိမ်း၊ နှမ်းနက်၊ မြေပဲဆန်များ သာ ဈေးကွက်တွင် ပုံမှန်အရောင်း အဝယ်ရှိနေပြီး အခြားပဲမာလိုင်း များနှင့် ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးပြောင်းလဲမှု မရှိ၊ ဈေးငြိမ်နေကြောင်း၊ နှမ်းနက် (ထိပ်စ)တစ်မျိုးသာ ဈေးကောင်း ရနေသော်လည်း အခြားနှမ်းများ ဈေးအနည်းငယ် ကျဆင်းနေ ကြောင်း နှစ်ကုန်ပိုင်းဖြစ်သော ကြောင့် အရောင်းအဝယ်အနည်း ငယ် အေးနေသော်လည်း မကြာမီ ပဲသစ်များ ဝင်ရောက်လာချိန်တွင် လှောင်လက်သမားများနှင့် ပို့ကုန် သမားများ၏ ဝယ်ယူမှုများ ပြန်လည်ကောင်းလာနိုင်ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) ပိုင်ရှင်က ပြောသည်။
`` တရုတ်နှစ်သစ်ကူး မတိုင်မီ တရုတ်လိုင်းအဝယ်များသည့် ပဲတီစိမ်း၊ နှမ်းနက်၊ မြေပဲဆန်များ အဝယ်များ ပုံမှန်ရှိနေပါတယ်။ နှမ်းနက်ကတော့ အရည်အသွေး အလိုက် ဈေးကောင်းရနေတော့ အက်စစ်လွတ် နှမ်းနက် တစ် အိတ်လျှင် ငွေကျပ် ၇၀၀၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။ ပဲ ရာသီသစ်က အနည်းငယ်လိုသေးတော့ ပဲသစ်များ ဝင်ရောက်မှု မရှိသေးဘဲ လက်ကျန်ပဲများကိုသာ ပုံမှန်အရောင်းအဝယ်ရှိနေတာမျိုး ပါ။ နှစ်ကုန်ပိုင်းဖြစ်လို့ ပဲနှမ်း ဈေးကွက်မှာ ပွဲစားကုန်သည် အစုံ အလင်လာရောက်မှု မရှိသေးပါဘူး။ ပြည်တွင်းမြေပဲဆန်ကတော့ ပုံမှန်လေး အဝယ်ရှိနေပါတယ်။ ပဲ၊ နှမ်းဈေးကွက်အတွင်း ပစ္စည်းစုံ ဝင်ရောက်လာချိန်မှသာ အရောင်း အဝယ်ပြန်လည်ကောင်း လာမှာ ပါ´´ ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၂ ရက်တွင် ပို့ကုန် မတ်ပဲ(အသစ်)တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲစင်းငုံမှာ ပဲနှမ်းဈေးကွက်အတွင်း စတင် ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ ခန့် (နယ်ဈေး) ပေါက်ဈေးရှိနေသည်။ ပဲတီစိမ်း(အညာ)တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံးကုလားပဲအုပ်စု မှာ ဈေးငြိမ်နေရာ ဇန်နဝါရီ ၂ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၃၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၁၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံး ပဲမာလိုင်း များမှာ အနည်းငယ်ဈေးမြင့်တက် လာရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၃၀၀၀၀၊ ကနေဒါစားတော် ပဲတစ်အိတ်လျှင် ငွေကျပ်၃၅၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၇၀၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆန်တစ် ပိဿာလျှင် ငွေကျပ် ၈၆၀၀-၈၇၀၀ ပေါက်ဈေး ရှိနေသည်။
နှမ်းမျိုးစုံမှာ အရောင်းအဝယ် ပြန်သွက်လာရာ ဇန်နဝါရီ ၂ ရက် တွင် နှမ်းနက်(စမုန်) ၄၅ ပိဿာ တစ်အိတ်လျှင်ငွေကျပ် ၆၇၅၀၀၀၊ အက်စစ်လွတ်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ် ၄၀၀၀၀၀၊ နှမ်းဖြူ(ဗမာ-သစ်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ အသီးသီး ပေါက်ဈေး ရှိနေကြောင်း သိရသည်။
ရွှေမန်း
မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။
-----
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price