“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၅,၆)”
- စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ - (၁) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ - - ပူပြင်းသောရာသီဥတုသည် ရေ၏အရည်အသွေး ကိုထိခိုက်စေနိုင်သဖြင့် ရေ၏ အပူချိန်ကို စောင့်ကြည့်သင့်ပါသည်။ ရေ၏အပူချိန်ကို 30°C(ဆဲစီးရပ်) အောက်တွင်ရှိနေအောင် ထိန်းညှိသင့်ပါသည်။ ကန်ရေထပ်မံ ဖြည့်သွင်းရန် လိုအပ်ပါက ကန်၏အပူချိန်ရုတ်တရက်ပြောင်းလဲခြင်း များ မဖြစ်စေရန် ရေကို ဖြည်းဖြည်းချင်းသာ ထည့်ပေးပါ။ - ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။ - (၂) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ - - "ကန်အတွင်အရိပ်ရစေရန်အတွက်ဆောင်ရွက်ပေးပါ။ထိုသို့ဆောင်ရွက်ခြင်းသည် ကန်ရေ၏အပူချိန် ကိုထိန်းသိမ်းနိုင်ပါသည်။ လိုအပ်ပါက ကန်အတွင်း လေပေးစက်များတပ်ဆင်ကာ အောက်ဆီဂျင် level ကိုထိန်းညှိပေးရန်လိုအပ်ပါသည်။." - ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။ - ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။ - ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။ 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
