ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၆ရက်နေ့မှ ၁၃ရက်နေ့အထိ မိုးရွာနိုင်တဲ့အလားအလာမရှိပါဘူး။
နေ့အပူချိန် 32°C. ညအပူချိန် 17°C အထိလျော့ကျနိုင်ပြီးအေးမြသာယာနေပါလိမ့်မယ်။
Source: Su Su San
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
ကန်ဖော်နေသည့် ငါး/ပုစွန်မွေး တောင်သူကြီးများအနေဖြင့် ငါးများ အနာသက်သာစေရန် မနက်ခင်း နေ အေးချိန်တွင် ဆောင်ရွက်သင့်ပါကြောင်း၊
ကန်ရေအရောင်ဟာ မည်းနောက်နောက်ဖြစ်နေပါက နေ့ခင်းတွင် ကန်ရေ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းကို ထုတ်ပစ်ပြီး ညအချိန်ရောက်မှသာ ပြန်ထည့်ပေးရန်၊
ကန်ရေမျက်နှာပြင်တွင် ရေညှိများပေါက်ရောက်တဲ့ ကာလဖြစ်တဲ့အတွက် ကန်သန့်ရှင်းရေး ဆောင်ရွက် ပေးရန်၊
အချို့ကန်များတွင် ကန်ရေအရောင်များ အရမ်းဖျော့နေတက်ပါက NPK မြေဩဇာကို ၁၀၀၀ ကုဗစ် မီတာတွင် ၁ ကီလိုဂရမ်မှ ၂ ကီလိုဂရမ်ထည့်ပေးရန်နဲ့ အဆိုပါပမာဏကို ၂ ရက်မှ ၃ ရက်အထိထည့် ပေးရန်၊
✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price