cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မြေခံမြေဆီအဖြစ်အသုံးပြုလိုပါက တီစူပါ (ဖော့စ်ဖရပ်စ်) (P) ကို အိတ်ဝက်+ ပိုတက်ရှ်(K)ကိုအိတ် ၄ပုံ၁ပုံနှုန်းထည့်ပေးပါ။
  • ၂၀၂၅ဇန်နဝါရီလ ၆ရက်နေ့မှ ၁၃ရက်နေ့အထိ မိုးရွာနိုင်တဲ့အလားအလာမရှိပါဘူး။

    နေ့အပူချိန် 32°C. ညအပူချိန် 17°C အထိလျော့ကျနိုင်ပြီးအေးမြသာယာနေပါလိမ့်မယ်။

    Source: Su Su San

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    • မိုးစပါးစိုက်ပျိုးခဲ့စဥ်က စပါးဆစ်ပိုး၊ ကြက်သွန်မြိတ်ပိုး စသည်တို့ကျရောက်ခဲ့ပါက မြေပြင်ချိန်တည်းက ရိုးပြတ်၊ ပင်ကြွင်းပင်ကျန်များကို သေချာရှင်းလင်းခဲ့ပါ။
    • မြေခံမြေဆီအဖြစ်အသုံးပြုလိုပါက တီစူပါ (ဖော့စ်ဖရပ်စ်) (P) ကို အိတ်ဝက်+ ပိုတက်ရှ်(K)ကိုအိတ် ၄ပုံ၁ပုံနှုန်းထည့်ပေးပါ။
    • တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းဆိုပါက အရွက် ၅ ရွက်ထွက်ချိန်မှာ ယူရီးယား(N)တစ်အိတ်ရဲ့ ၃ပုံ၁ပုံကို တစ်ကြိမ်၊ ပျိုးထောင်စိုက်ခင်းဆိုပါက ကောက်ပင်လှန်ချိန်တွင် ၎င်းအချိုးအတိုင်း တစ်ကြိမ် ထည့်ပေးပါ။
    • ပင်ပွားစီးချိန်တွင် ယူရီးယား နောက်၃ပုံ၁ပုံကို (၁)ကြိမ်၊ ဗိုက်ဖောင်းချိန် ပိုတက်ရှ် (၁)ကြိမ်၊ အလံရွက်ထွက်ချိန် ကျန်သောယူရီးယား(N)တစ်ပုံ+ ပိုတက်ရှ်(K)တစ်ပုံကို နည်းလမ်းမှန်မှန်နဲ့ စနစ်တကျကျွေးနိုင်ပါတယ်။

     ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် 

      ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု

    လိုပါတယ်ခင်ဗျာ- 

    ·     ကန်ဖော်နေသည့် ငါး/ပုဇွန်မွေး တောင်သူကြီးများအနေဖြင့် ငါးများ အနာသက်သာစေရန် မနက်ခင်း နေ အေးချိန်တွင် ဆောင်ရွက်သင့်ပါကြောင်း၊ 

    ·     ကန်ရေအရောင်ဟာ မည်းနောက်နောက်ဖြစ်နေပါက နေ့ခင်းတွင် ကန်ရေ ၂၀

    ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းကို ထုတ်ပစ်ပြီး ညအချိန်ရောက်မှသာ

    ပြန်ထည့်ပေးရန်၊ 

    ·     ကန်ရေမျက်နှာပြင်တွင် ရေညှိများပေါက်ရောက်တဲ့ ကာလဖြစ်တဲ့အတွက်

    ကန်သန့်ရှင်းရေး ဆောင်ရွက် ပေးရန်၊ 

    ·     အချို့ကန်များတွင် ကန်ရေအရောင်များ အရမ်းဖျော့နေတက်ပါက NPK မြေဩဇာကို ၁၀၀၀ ကုဗစ် မီတာတွင် ၁ ကီလိုဂရမ်မှ ၂ ကီလိုဂရမ်ထည့်ပေးရန်နဲ့ အဆိုပါပမာဏကို ၂ ရက်မှ ၃ ရက်အထိထည့် ပေးရန်၊ 

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
10
comments
1
views
1211