cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြုံပြုချက်

. Weather News
ပျမ်းမျှနေ့အပူချိန် 32°C မှ အနိမ့်ဆုံးအပူချိန် 16°C အထိကျဆင်းနိုင်ပြီး အေးမြကြည်လင်သာယာနေပါလိမ့်မယ်။
  • ယနေ့ ဇန်နဝါရီလ ၇ရက်နေ့မှ ၁၄ရက်နေ့အထိ

    မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။

    ပျမ်းမျှနေ့အပူချိန် 32°C မှ အနိမ့်ဆုံးအပူချိန် 16°C အထိကျဆင်းနိုင်ပြီး အေးမြကြည်လင်သာယာနေပါလိမ့်မယ်။

    06/01/2025 10:56am(MMT)

    #တိကျမှန်ကန် 

    Su Su San 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ၊ကြက်သွန်စိုက်တောင်သူများထံသို့….

    🌱လက်ရှိရာသီဥတုအခြေအနေအရ သရစ်ပိုး(လှေးပိုး) ကျရောက်မှုများကိုတွေ့လာရသဖြင့် စိုက်ခင်းကိုသေချာကွင်းဆင်းစစ်ဆေးကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

    🌱သရစ်ပိုး (လှေး)ပိုးက ရာသီဥတုပေါ်ကိုမူတည်ပြီးကျတဲ့ဖျက်ပိုးဖြစ်ပြီး အပူချိန်မြင့်ကာ စိုက်ခင်းစိုထိုင်းဆနည်းတဲ့အခြေအနေကိုကြိုက်နှစ်သက်ပါတယ်။

    🌱နိုက်ထရိုဂျင်(N)ရွက်ဖျန်းအားဆေးအလွန်အကျွံသုံးတဲ့စိုက်ခင်းတွေမှာလည်း အကျများတာဖြစ်လို့ ရွက်ဖျန်းအားဆေးများကိုအလွန်အကျွံအသုံးမပြုပါနဲ့။

    🌱ပထမအကြိမ်အနေနဲ့ Acetamiprid+ Cyrantraniliprole ကိုမနက်ခင်းပိုင်းမှာဖျန်းပေးပါ။

    စိုက်ခင်းကို အမြဲကွင်းဆင်းစစ်ဆေးဖို့လိုပြီး (၃ ရက်ခန့်) ကြာပါက ဒုတိယအကြိမ်အနေနဲ့ Spinosad ကိုဖျန်းပေးပါ။

    🌱တတိယအကြိမ်ထပ်ဖျန်းဖို့လိုအပ်ပါက Dinotefuran ကိုအသုံးပြုပါ။

    🌱စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်များကိုလည်းရှင်းပေးနိုင်ရင်ရှင်းပေးပါ။

    🌱ပိုး၊ရောဂါကင်းသောစိုက်ခင်းများ ရွက်ဖျန်းအားဆေးအဖြစ် အသီးအပွင့်ဝင်ချိန်တွင် ပိုတက်စီယမ်(K)အချိုး အဓိကပါဝင်သောရွက်ဖျန်းအားဆေးမျိုးကို ရွေးချယ်အသုံးပြုပါ။


    အအေးပိုလာနိုင်တာမို့ ငါး / ပုစွန်မွေးတောင်သူကြီးများအနေဖြင့် သတိပြုဖို့ အကြံပြုလိုပါတယ်ခင်ဗျာ .....


    🐟ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊

    🐟ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊

    🐟အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊

    .....

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
5
comments
0
views
1387