cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ယာကွန်ဥတွေဝယ်ယူစားသုံးသူများပြားတာကြောင့် ဈေးကောင်းရနေ

. Market News
ရာသီပေါ်သီးနှံတစ်မျိုးဖြစ်တဲ့ ယာကွန်ဥ(ဒေသအခေါ် ရေကန်စွန်းဥ) တွေဟာ ဝယ်ယူစားသုံးသူများပြား နေတာ ကြောင့် ဈေးကောင်းရနေတယ်လို မန္တလေးဒေသခံဈေးသည်တွေကပြောပါတယ်။
  • ရာသီပေါ်သီးနှံတစ်မျိုးဖြစ်တဲ့ ယာကွန်ဥ(ဒေသအခေါ် ရေကန်စွန်းဥ) တွေဟာ ဝယ်ယူစားသုံးသူများပြား နေတာ ကြောင့် ဈေးကောင်းရနေတယ်လို မန္တလေးဒေသခံဈေးသည်တွေကပြောပါတယ်။

    ရာကွန်ဥစားသုံးမှုကို TikTok နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေမှာ၂၀၂၄ ခုနှစ်နှောင်းပိုင်း ကာလ တွေကစပြီးခေတ်စားလာမှုကြောင့် အခုလိုစားသုံးသူမျာပြားလာတာဖြစ်ပါတယ်။

    ဈေးကြီးလည်းခေတ်စားနေတာဆိုတော့ ဝယ်စားတဲ့သူများတယ်။ဈေးကြီးတယ်ဆိုတာကလည်း သယ်ယူ စရိတ်ကများတယ်လေ။အရင်ကဆိုဝယ်မယ့်သူတောင်မရှိဘူး။ တချို့ဆိုသိတောင်မသိကြဘူးလို့ အောင်မြေသာစံ မြို့နယ်ကဈေးသည်တစ်ဦးကပြောပါတယ်။

    ယာကွန်ဥ(ရေကန်စွန်းဥ၊ ရာပြည့်ဥ)ကို မိုးကုတ်ဒေသမှာအဓိကထွက်ရှိပြီး ခန္ဓာကိုယ်အလေးချိန်ကို လျှော့ ချ ပေးနိုင်မှု၊ အသည်းအဆီဖုံးရောဂါကိုကာကွယ်ပေးနိုင်မှု၊ ဆီးချိုရောဂါကိုထိန်းညှိပေးနိုင်မှုနဲ့ ကိုယ်ခံအား ကောင်း စေမှုစတဲ့အားသာချက်တွေရှိတာကြောင့် အခုလိုစားသုံးသူများပြားလာတာဖြစ်တယ်လို့မန္တလေး ဒေသခံတွေက ဆိုပါတယ်။

    ယာကွန်ဥဟာ စိမ်းစားသီးနှံအမျိုးအစားဖြစ်ပြီး လက်ရှိအချိန်မှာ တစ်ပိဿာကိုငွေကျပ် ၈၀၀၀ ကနေ ၁၀၀၀၀ ကြားအထိရှိနေတယ်လို့သိရပါတယ်။

    အောင်မန်း(မန္တလေး)

    Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
10
comments
0
views
1888