မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဇန်နဝါရီလ ၇ရက်နေ့မှ ၁၇ရက်နေ့အထိ နေ့အပူချိန် 31°C မှ - ညအပူချိန် 14°C အထိ လျော့ကျနိုင်ကာ အအေးပိုလာစေနိုင်ပါတယ်။ - ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ မိုးရွာနိုင်အလားအလာမတွေ့ရှိရပါဘူး။ - ISSUED TIME - 07/01/2024 8:20am(MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုလားပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - လက်ရှိရာသီဥတု အခြေနေများအရ ကုလားပဲစိုက်တောင်သူများအနေနဲ့ စိုက်ခင်းများအတွင်းမှာ Fusarium ပင်ညှိုးရောဂါကြောင့် အပင်များညှိုးခြင်းနှင့် အပင်ငယ်များအစုလိုက် အကွက်လိုက် သေနေတာမျိုးတွေကို တွေ့ရနိုင်ပါတယ်။ - ကုလားပဲပင်များကို Fusarium ပင်ညှိုးရောဂါကျရောက်ခဲ့ဖူးသောအကွက်တွင် စိုက်ပျိုးခဲ့ပါက - • ဘက်စုံကာကွယ်နှိမ်နင်းများ မဖြစ်မနေအသုံးပြုရန်လိုအပ်ပါသည်။ - • ပင်ကြွင်းပင်ကျန်နှင် စိုက်ခင်းသန့်ရှင်းရေးဂရုစိုက်ဆောင်ရွက်ပါ။ - • နိုက်ထရိုဂျင်မြေသြဇာ အလွန်ကျွံသုံးစွဲခြင်းကို ရှောင်ရှားပါ။ - • မြေချဉ်ငန်ကိန်းကိုထိန်းညှိပေးပါ။ မြေချဉ်နေပါက (အက်စစ်ဆန်သောမြေများတွင်) မှိုများရှင်သန်နိုင်စွမ်းပိုများသည်။ - • ဖြစ်နိုင်လျှင် သီးလှည့်စိုက်ပျိုးပါ။ - • မြေပြင်ချိန်တွင် မြေဆွေး၊ ရိုင်ဇိုဘီယံ၊ ထရိုင်ဂိုဒါးမား၊ မိုက်ကိုရိုက်ဇာ များကို ထည့်သွင်းအသုံးပြုပါ။ - • ရောဂါစတင်တွေ့ရှိပါက အပင်များကို Pyraclostrobin ဖျန်း၍ မြေပေါ်သို့ Hymexazol ဖျန်း၍ ကာကွယ်နိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေကိုအကုန်ထုတ်ပစ်ရန်၊ - မျိုးငါးကန်များအနေဖြင့် ရေအရည်သွေးကို စစ်ပေးရန်၊ - ကန်ရေသံချေးရောင်ဖြစ်နေပါက ပုလဲမြေဩဇာကို တစ်ဧကလျှင် ၆ ပိဿာခန့်ထည့်ပေးရန်၊ - ကန်မျက်နှာပြင်ပေါ် ရေညှိတက်နေပါက တစ်ဧကလျှင် ဒုတ္ထာ ၆ဝ ကျပ်သား ထည့်ပေးရန်၊ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
