cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စပါးအကြံပြုချက်

. Weather News
ရွက်လိပ်ရွက်ကပ်က စိုထိုင်းဆကြာရှည်ပြီး အေးမြတဲ့ရာသီဥတုကို ကြိုက်တဲ့ပိုးအမျိုးအစားဖြစ်ပါတယ်။
  • ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိ မိုးရွာနိုင်တဲ့အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 32°C မှ ညအပူချိန် 16°C အထိကျဆင်ဆင်းကာ အေးမြကြည်လင်သာယာနိုင်ပါတယ်။

    Source: Su Su San

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများ လက်ရှိအပင်ငယ်စဥ်တွင် စိုက်ခင်းထဲရေလွှမ်းရက်ကြာရှည်ပြီး ရွက်လိပ်ရွက်ကပ်ပိုးများကျရောက်မှုကို ကြုံတွေ့နေရသောကြောင့်ရွက်လိပ်ရွက်ကပ်ပိုးနဲ့ ပတ်သတ်ပြီးကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • ရွက်လိပ်ရွက်ကပ်က စိုထိုင်းဆကြာရှည်ပြီး အေးမြတဲ့ရာသီဥတုကို ကြိုက်တဲ့ပိုးအမျိုးအစားဖြစ်ပါတယ်။
    • စပါးပင်ငယ်စဥ်မှာကျရောက်ရင် ထိခိုက်မှုသိပ်မများပါဘူး။
    • ကျရောက်မှုမများသေးရင် တမာပိုးသတ်ဆေးလိုသဘာဝပိုးသတ်ဆေးကိုသုံးနိုင်ပါတယ်။
    • မလိုအပ်ပဲ ဓာတုဆေးသုံးဖို့မလိုပါဘူး၊ ကျရောက်မှုများရင်တော့ နိုက်ထရိုဂျင် (ပုလဲ)ကိုချင့်ချိန်ထည့်ပါ။
    • ပိုတက်စီယမ် (K) + ဆီလီကာ (Si ) ကိုအဓိကထားပြီးထည့်ပေးရင် ပိုးကိုအတိုင်းအတာတစ်ခုထိကာကွယ်နိုင်ပါတယ်။
    • ရွက်လိပ်ရွက်ကပ်ဆိုးရွားစွာကျရောက်ပါက ဓာတုဆေးအနေနဲ့- Monosultap, Chlorantraniliprole, Cartap hydrochloride ကိုရွေးချယ်နိုင်ပါတယ်။

    ·      ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ·      ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    ·      တစ်ဝက်တစ်ပြတ်ကန်ဖော်မယ့် ငါး/ပုစွန်မွေး တောင်သူကြီးများအနေဖြင့် လက်ကျန်ငါးများကို ရေကြည်နေသည့် အခြားငါးကန်သို့ ပြောင်းရွေ့ထားရန်၊ 

    ·      အကယ်၍ မူရင်းကန်ထဲတွင် ပြန်မွေးမည်ဆိုပါက ရေနောက်နေနိုင်တဲ့အတွက် ကန်သန့်ရှင်းရေးဆောင် ရွက်ပြီးမှသာ ကန်ထဲသို့ ပြန်ထည့်ရန်၊ 

    ·      ပြန်မွေးမယ့် ကန်သန့်ရှင်းရေးအတွက် တစ်ဧကလျှင် ထုံး ၁၅ ပိဿာခန့်ထည့်ရန်၊ 

    ·      တစ်ဝက်တစ်ပြတ်ကန်ဖော်ရာတွင် ရေအကုန်မထုတ်ဘဲ အတော်အသင့်အနေထားဖြင့် ကန်ရေချန် ထားရန်၊ 

    ·      တစ်ဝက်တစ်ပြတ် ကန်ဖော်ပြီးပါ လက်ကျန်ငါးများကို တစ်ရက်ခန့် အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန်၊ 


  • article
likes
3
comments
0
views
915