cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ခန့်မှန်းခြင်း

. Market Analysis
ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ကျဆင်းလာပါတယ်။ နယ်စုံမှ မတ်ပဲ၊ ပဲစဉ်းငုံ အသစ်များဈေးကွက်သို့ ဝင်ရောက်လာတဲ့အတွက်ကြောင့် ဈေးကျဆင်းရခြင်းဖြစ်ပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)၊ မတ်ပဲ(အက်စ်ကျူ၊ အာစီ)၊ ပဲစဉ်းငုံနီ (အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)ဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလတွင် ၃,၂၁၅,၀၀ဝိ/-ကျပ်၊ မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးနှုန်းမှာ ၃,၆၅၅,၀၀ဝိ/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၃,ဝ၉၅,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    ယခင်လ (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ)နှင့် ယခုလ (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ)နှိုင်းယှဉ်ခြင်း

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများကို လေ့လာ သော် ယခင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ယှဉ်လျှင် ၂၃၄,၅၈ဝိ/-ကျပ် ကျသွားတာကို တွေ့ရပါတယ်။ မတ်ပဲ(အက်စ်ကျူ၊ အာစီ) ဈေးနှုန်းမှာ ၁၉၆,၂၃ဝိ/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ)ဈေးနှုန်းမှာ ၄၅၅,၇၁ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးကျနေတာကို တွေ့ရပါတယ်။

    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လအလိုက် ပျမ်းမျှဈေးနှုန်း

    ၂၀၂၄ ခုနှစ်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ (အက်ဖ်အေကျူ၊ အာစီ) တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၁၆၆,၅၆၃ိ/- ကျပ်၊ မတ်လတွင် ၃,၁၄၀,၅၄၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၁၅၄,၄၂၅ိ/- ကျပ်၊ မေလတွင် ၃,၂၂၅,၄၁၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၄၀၄,၄၆၃ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၃၄၃,၈၉၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၃,၆၄၁,၇၆ဝိ/- ကျပ်၊ စက်တင်ဘာလတွင် ၃,၉၅၈,၃၆ဝိ/- ကျပ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာလများတွင် ၃,၇၈၈,၈၂ဝိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၃,၄၃၃,၈၃ဝိ/- ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃,၁၉၉,၂၅ဝိ/- ကျပ်၊ ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။

    မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှဈေးနှုန်းမှာ ၃,၃၈၈,၆၈၈ိ/- ကျပ်၊ မတ်လတွင် ၃,၄၂၈,၅၈၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၄၂၃,၄၀၀ိ/- ကျပ်၊ မေလတွင် ၃,၄၉၁,၈၆၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၇၂၂,၁၂၉ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၆၄၈,၄၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၄,၀၀၃,၁၆ဝိ/- ကျပ်၊ စက်တင်ဘာလတွင် ၄,၃၆၆,၅၂ဝိ/- ကျပ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာလများတွင် ၄,၁၉၀,၄၇ဝိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၃,၈၂၈,၇၃ဝိ/- ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃,၆၃၂,၅၀ဝိ/- ကျပ်၊ ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။

    ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၈၉၅,၆၆၃/- ကျပ်၊ မတ်လတွင် ၄,၁၀၄,၄၀၀/- ကျပ်၊ ဧပြီလတွင် ၄,၀၃၅,၂၂၅/- ကျပ်၊ မေလတွင် ၄,၂၁၅,၅၇၀/- ကျပ်၊ ဇွန်လတွင် ၄,၅၄၄,၁၂၅/- ကျပ်၊ ဇူလိုင်လတွင် ၄,၄၂၉,၁၉၀/- ကျပ်၊ ဩဂုတ် လတွင် ၄,၆၄၁,၇၄ဝိ/- ကျပ်၊ စက်တင်ဘာလတွင် ၄,၈၇၂,၁၆ဝိ/- ကျပ်၊ အောက်တိုဘာနဲ့ နိုဝင် ဘာလများတွင် ၄,၂၀၇,၃၉ဝိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၃,၅၄၆,၄၆ဝိ/- ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃,၀၉၀,၇၅ဝိ/- ကျပ်၊ ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    ဈေးကွက် သုံးသပ်ခန့်မှန်းချက်

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ကျဆင်းလာပါတယ်။ နယ်စုံမှ မတ်ပဲ၊ ပဲစဉ်းငုံ အသစ်များဈေးကွက်သို့ ဝင်ရောက်လာတဲ့အတွက်ကြောင့် ဈေးကျဆင်းရခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆက်လက်ကျဆင်းနိုင်ပါကြောင်း သုံးသပ်မိပါတယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ တရွေ့ ရွေ့တက်လာနိုင်ပါကြောင်း ခန့်မှန်းပေးလိုက်ရပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    ထွက်တိုး

    ဦးပြည့်ဖြိုးအောင်

    -----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437

    ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး


  • article
likes
2
comments
0
views
1946