cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမှုန်နဲ့ ငါးသန်းဘာကွာလဲ? 🐟🐟

. Market Analysis
မျိုးငါးမွေးတဲ့အခါမှာတော့ ငါးသန်းအဆင့်ကို တစ်ဟတ်တာကို ၇ သိန်းမှ ၈ သိန်းလောက်အထိ ထည့်ပြီး သဘာဝအစားအစာကိုသာ ကျွေးလေ့ရှိပါတယ်။
  • ဥကနေပေါက်ပြီးအရွယ် ၁-၂ စင်တင်မီတာရှိတယ်အရွယ်ကို ငါးမှုန်လို့ခေါ်ပါတယ်။ ဥကနေ အဲဒီလို အရွယ်ရောက်ဖို့ အချိန် တစ်ပတ် သို့မဟုတ် ၁၀ ရက်လောက်ကြာပါတယ်။ အဲဒါဆို ငါးသန်းကရော? ငါးသန်း ကတော့ အရွယ် ၁၀-၁၅ စင်တီမီတာလောက်ရှိပြီး အကြမ်းပြောရရင် လက်ချောင်းတစ်ချောင်း အရွယ် လောက်ရှိတဲ့ အရွယ်ဖြစ်ပါတယ်။

    ငါးတွေရဲ့ ဘဝစက်ဝန်းကိုပြောရမယ်ဆိုရင် ဥအဆင့်ကနေစရမှာပါ။ ဥမှ ပေါက်ခါစကို ငါးပိုးတုံးလုံး လို့ခေါ်လေ့ရှိပါတယ်။ ဥကပေါက်လာချန် ဥထဲမှာရှိတဲ့ အနှစ်နဲ့ပိုက်ထွေးထားတဲ့ အကောင်လေးထွက်လာပါ တယ်။ ငါးလေးဟာ ဥရဲ့အနှစ်ကိုစားပြီး တစ်ပတ် သို့မဟုတ် နှစ်ပတ်အထိ ရှင်းသန်ကြပါတယ်။ အဲဒီနောက် မှာတော့ အစာစစားနိုင်ပါပြီ။

    ငါးသန်းအဆင့်မှာ ခန္ဓာကိုယ်က ငါးတစ်ကောင်မှာရှိရမယ့်ကိုယ်အင်္ဂါအစိတ်အပိုင်းများ စတင်ဖြစ် ထွန်းလာပါတယ်။ ရေယက်၊ ဆူးတောင်၊ အကြေးခွံတွေထွက်လာပါတယ်။ တစ်ဆက်တည်းမှာဘဲ အရင်ငါးမှုန် အဆင့်ထက်ပိုတဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အနေ အထားကို စတင်ဖြတ်သန်းနိုင်လာတဲ့အဆင့်ဖြစ်ပါတယ်။

    ငါးသန်းအဆင့်ရောက်ဖို့ ၂-၆ လကြာတတ်ပါတယ်။ ၅လမှ ၆လအရွယ် ငါးသန်းတစ်ကောင်ရဲ့ အလေး ချိန်ဟာ တစ်ကီလိုဂရမ်ခန့်ရှိတတ်ပါတယ်။ စံသတ်မှတ်ထားတဲ့ ငါးသန်းတစ်ကောင်ဟာ ၃ ပတ်နဲ့ ၄ ပတ်အတွင်းမှာ ၃ စင်တီမီတာကနေ ၄ စင်တီမီတာအထိ ရှိရပါမယ်။

    မျိုးငါးမွေးတဲ့အခါမှာတော့ ငါးသန်းအဆင့်ကို တစ်ဟတ်တာကို ၇ သိန်းမှ ၈ သိန်းလောက်အထိ ထည့်ပြီး သဘာဝအစားအစာကိုသာ ကျွေးလေ့ရှိပါတယ်။ တစ်ချို့ကျ ၁၀ လမှ ၁၂ လအထိကြာအောင်မွေး လေ့ရှိပါတယ်။ အဲဒီနောက် ငါးကြီးမွေးတဲ့ ကန်ထဲကို ရွေ့ထည့်မွေးမြူကြပါတယ်။

    Source: https://short-fact.com/what-is-the-difference-between-a-fry-and-a-fingerling/

    -----------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
1
comments
0
views
1236