ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
- ကွမ်းစားထုံးမှာ ဖောက်ထုံးအစစ် ဖြစ်ပါသည်။ အဖြူရောင်ရှိပြီး ကယ်ဘီယမ်ဒြပ်ပေါင်း ဖြစ်ပါသည်။ ပါဝင်သောပစ္စည်း အမျိုးမျိုးမှာ ခရုခွံ Ca(OH)2၊ မဖောက်ထုံး (CaO)၊ လယ်ယာသုံးထုံး (CaCO3)၊ ဒိုလိုမိုက်ထုံး CaMg(CO3)2 စသည်တို့ ဖြစ်ပါသည်။ ထုံးအမျိုးမျိုးရှိသည့်အနက် မဖောက်ထုံးမှာ ငါးမွေးကန်အတွက် အသုံးဝင်သောထုံး ဖြစ်ပါသည်။ ၎င်းထုံးမှာ ကျောက်တုံးကဲ့သို့ မာကျောပါသည်။ ငါးကန်တွင် အကျိုးရှိစွာ အသုံးချနိုင်ပါသည်။ - ထုံးအရည်အသွေးခွဲခြားခြင်း - ထုံးအနည်းငယ်ကို ဖန်ခွက် (သို့မဟုတ်) သတ္တုခွက်အတွင်း ထည့်၍ ထုံးအရည်အသွေးကို စစ်ဆေးနိုင်ပါသည်။ သုံးမည့် ရေနှင့်ဓာတ်ပြုပြီး ဓာတ်ငွေ့များထွက်သောကြောင့် ရေပူဘောင်းများပေါ်ထွက်လာခြင်း၊ အပူဓာတ်ပေါ်ထွက်လာခြင်း ရှိပါက အရည်အသွေးကောင်းသောထုံး ဖြစ်ပါသည်။ ထုံးအရည်အသွေး ကောင်း/မကောင်းကို ဝယ်ယူရာတွင် ဤနည်းဖြင့် စစ်ဆေး နိုင်ပါသည်။ - ထုံးအသုံးဝင်ပုံ - · ရေကိုကြည်လင်စေခြင်း - · ရေတွင်အနည်များကိုထိုင်စေခြင်း - · ကန်ရေနှင့်ကန်ခြေတွင် အက်ဆစ်ဓာတ်များကိုလျော့နည်းစေခြင်း - · ငါးကန်အတွက် အန္တရာယ်ရှိသောဓာတ်ငွေ့များကို ဖယ်ရှားပေးခြင်း - · စံ တန်ဖိုးမြင့်မားစေခြင်း - · မြေသြဇာဓာတ်များ၏ အာနိသင်ကို တိုးပွားစေခြင်း - · သဘာဝအစာမျှောလှေများ ကန်တွင်းပေါက်ပွားမှုများပြားလာစေရန် အထောက်အကူပြုခြင်း - · ထုံးဓာတ်ကိုဖြည့်ဆည်းပေးခြင်း - · သြဂဲနစ်ဒြပ်ပေါင်းများ လျင်မြန်စွာပြိုကွဲစေရန် ပံ့ပိုးပေးခြင်း - · ကန်ရေအတွင်းရှိကပ်ပါးကောင်းများ၊ ရောဂါပိုးများကိုသုတ်သင်ပေးနိုင်ခြင်း - pH နှင့် အသုံးချခြင်း - pH တန်ဖိုးသည် (၇) ဖြစ်ပါက ရေသည် မျှခြေသဘာဝတွင် ရှိပါသည်။ - pH တန်ဖိုးသည် (၇) အောက်ဖြစ်ပါက ရေသည် အက်စစ်သဘာဝ အသွင်ဆောင်ပါသည်။ - pH သည် (၇) အထက်ဖြစ်ပါက ရေသည် အယ်လ်ကာလီ အသွင်ဆောင်ပါသည်။ - Type of lime and pH value in fish culture - WorldFish Myanmar, Fish for Livelihoods - တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း, ၂၀၂၄ ခုနှစ် - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
