မန္တလေးတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ရမည်းသင်းခရိုင် ပျော်ဘွယ်ခရိုင် မိတ္ထီလာခရိုင် ညောင်ဦးခရိုင် မြင်းခြံခရိုင် ကျောက်ဆည်ခရိုင် ပြင်ဦးလွင်ခရိုင် မန္တလေးခရိုင် စစ်ကိုင်းခရိုင် ဒေသတွေမှာ နေ့အပူချိန် 31°C ညအပူချိန် 15°C အထိကျဆင်းနိုင်ပြီး အေးမြကြည်လင်သာသာယာရှိနေပါလိမ့်မယ် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ - ညအပူချိန်များ ကျဆင်းပါမယ်။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ငါးဖော်ပြီး ကန်များအနေဖြင့် ရေကို အကုန်ထုတ်၍ ပတ်ကြားအက်သည်အထိထားရန်၊
- ကန်အောက်ခြေနွံများကို ဖယ်ထုတ်ပစ်ရန်၊
- ရောက်နှောမွေးမြူစနစ်ဖြင့် တစ်တက်တစ်ပြတ်ကန်ဖော်ပြီးနောက် ဆက်လက်မွေးမြူတဲ့ ငါးကန် သမားများအနေဖြင့် ကန်ရေလှယ်ပေးရန်၊
- မိုးရွာသွန်းမှုမရှိချိန် ကန်ရေချဉ်ဖန်နှုန်းတက်လာနိုင်တဲ့အတွက် တစ်ဧက ပုလဲ ၆ ပိဿာခန့်ထည့်ပေးရန်၊
- ငါးအနီစက်ရောဂါကဲ့သို့သော ဘက်တီရီးယားရောဂါများကျရောက်နိုင်တဲ့အတွက် တစ်ဧက လျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ပေးရန်၊
 - ---------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
