ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၁၂ရက်နေ့မှ ၁၉ရက်နေ့အထိ ရှမ်းပြည်နယ်ဒေသကြီးမှာ မြူနှင်းများစွာကျရောက်ပြီး အအေးပိုစေနိုင်ပါတယ်။ - Weather Source: Su Su San - ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ပြောင်း အပါအဝင် သီးနှံအမျိုးပေါင်း (၈၀) ကျော်ကို စားသောက် ဖျက်ဆီးတဲ့ ဖောငမြောင်တောင် သတိပြုပါ။ - ဖောငမြောင်တောင် ကာကွယ်နှိမ်နင်းနိုင်ရန် - ၁။ စိုက်ပျိုးချိန်နောက်ကျခြင်းကို ရှောင်ပါ။ - ၂။ ငမြှောင်တောင်ပိုး ဒဏ်ခံနိုင်ရည်ရှိသော မျိုးစိုက်ပါ။ - ၃။ မီးထောင်ချောက် Light Trap များအသုံးပြုရန်။ - ၄။ ပိုတတ်ရှ်မြေသြဇာကို မဖြစ်မနေထည့်ပေးရန်။ - ၅။ စိုက်ခင်းကို နှစ်ရက်တစ်ကြိမ်ပုံမှန်စစ်ဆေးပါ။ - ၆။ ပိုးသတ်ဆေးအနေနှင့် လမ်ဒါဆိုင်ဟေလိုသရင်+အီမာမက်တင်ဘန်ဇိုအိတ်၊ ကလိုရန်ထရန်နီလီပရိုးလ်၊ အင်ဒိုဇာကပ် နှင့် ပရိုဖီနိုဖော့စ် ဆေးများကို အသုံးပြုနိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ရာသီဥတုအရမ်းအေးနေချိန်ဖြစ်၍ အစာကျွေးခြင်းကို သတ်မှတ်နှုန်းတားအောက် လျော့ကျွေးရန်၊
- အနွေးဓါတ်ဝင်ချိန် နံနက် ၉:ဝဝ နာရီမှ ညနေ ၃:ဝဝ အတွင်းသာ အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊
- ငါးရဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ အစာကျွေးရန်၊
- အေးတဲ့ရာသီဥတုမှာ ငါးတွေ စိတ်ဖိစီးမှုလျော့စေဖို့နဲ့ ခုခံအားတက်စေဖို့ ဗိုက်တာမင်စီကို အစာနဲ့ ရောကျွေးရန်၊
- ပျော်ဝင်အောက်ဆီဂျင်ရရှိရေးကို အထူးဆောင်ရွက်ပေးရန်၊
 - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
