ပဲပိုးတီပင်စိုက်ပျိုးနည်း
- ပဲပိုးတီပင်သည် အနွေးကြိုက်နှစ်ရှည်သီးနှံဖြစ်ပြီး၊ အပူချိန် - ၄၀ °F မှ ၄၀°F အတွင်း အပင်ဖြစ်ထွန်းသည်။ ဥကို စားသုံးရပြီး၊ အပင်အမြင့် ၂ - ၈ ပေနှင့် အကျယ် ၁-၄ ပေရှိသည်။ ဂျေရုဆလင် အာတီချုပ်ဟုဆိုရာ၌ဂျေရုဆလင်မြို့မှာ မူရင်းဒေသ မဟုတ်သကဲ့သို့ အာတီချုပ် (အရွက် ထုပ်ဟင်းစားပင် တစ်မျိုး)နှင့်လည်း ဆက်နွယ်မှုမရှိချေ။ - မူရင်းဒေသမှာ မြောက်အမေရိကတိုက်ဖြစ်ပြီး နေကြာမျိုးနွယ်ဝင်အပင်ဖြစ်သည်။ အပင်မြင့်ပြီး အကိုင်းဖြာလျက် ရာသီကုန်၌ နေကြာပန်းပွင့် အသေးများပွင့်သည်။ ထိုမျိုးသည် သစ်စေ့အနံ့ရှိပြီး၊ ချိုသောအရသာနှင့် အဖုအထစ်များဖြစ်နေသော ဥရှိသောကြောင့် လူသိများကြသည်။ ထိုဥသည် နွေရာသီတွင် ဖြစ်ထွန်းပြီး ဆောင်းရာသီတွင် ရိတ်သိမ်းရသည်။ - ထိုဥများသည် အစိမ်းအတိုင်းဖြစ်စေ၊ ချက်ပြုတ်ပြီး ဖြစ်စေ စားရသည်မှာ အရသာရှိသည်။ လက်သုပ်တွင်အစိမ်းအတိုင်း ပါးပါးလှီး၍ စားရာ၌အရသာရော ကြွက်ဆတ်မှုပါ ကျွဲခေါင်းသီးနှင့်တူသည်။ ဥများကို ရေငွေ့နှင့် ပေါင်းခြင်း၊ ဆီပူထိုးခြင်း၊ အရည်သောက်ဟင်းနှင့် ပေါင်း၍ ချက်သော ဟင်းတွင် အာလူးကို သုံးသကဲ့သို့ သုံးစွဲခြင်းပြုလုပ်နိုင်သည်။ ပဲပိုးတီသည် ဥများစွာဥသဖြင့် တစ်ကြိမ် အပင်ဖြစ်ပြီးလျှင် အပင်ပွားများလွန်းသဖြင့် ပေါင်းပင်အဖြစ် ရောက်ရှိနိုင်သည်။ - မျိုးများ - ဖရန့်ချမန်မော့ဝှိုက် (French Mammoth White) မျိုးသည် အအေးဒဏ်ခံနိုင်ပြီး ပေါင်ဝက်ခန့်လေးသော အဖြူရောင်ဥ ရရှိစေသည်။ ဖျူစီ ယာ (Fuseau) မျိုးသည် အသားချောပြီး အနီရောင် အခွံရှိသောာ ဥကိုပေးသည်။ ထိုဥသည် မီးခိုးနံ့ သင်းသည်။ - စိုက်ပျိုးခြင်း - နောက်ဆုံးအေးခဲမှုမတိုင်မီ ၂-၄ ပတ်ကြိုတင်ပြီး၊ ပဲပိုးတီဥများကို စိုက်ပျိုးရသည်။ ဆောင်းရာသီ၌ နွေးသောဒေသတွင် ဆောင်းဦးပေါက်၌ စိုက်ပျိုးပြီး၊ နွေဦးပေါက်တွင် ရိတ်သိမ်းနိုင်သည်။ ပဲပိုးတီသည် မြေမျိုးမရွေး အပင်ဖြစ်ထွန်းနိုင်သည်။ ဥတစ်လုံးလုံးကိုဖြစ်စေ၊ အဖူး ၂နေရာ အနည်းဆုံးပါသော ဥအပိုင်းကို ဖြစ်စေ၊ မြေတွင် ၄ လက်မနက်အောင်မြှုပ်ပြီး၊ ၁၈ လက်မခြား စိုက်ပျိုးရသည်။ - မြေကြီးကို ရေအစိုဓာတ်အမြဲရှိနေရန် ဥများအမြစ်စွဲသွားသည်အထိ လိုအပ်သည်။ အမြစ်စွဲသွားပြီး အပင်သည် ရေငတ်ဒဏ်ရော မြေစို သောဒဏ်ပါ ခံနိုင်သည်။ ဥတစ်လုံးမှ အပင်များစွာ ထွက်သည်။ အပင်သည် အမြစ်သန်မာသည်။ အပင်များ အမြစ်စွဲသွားသည်အထိ ရာသီအစမှစ၍ လက်ပေါင်းလိုက်ပေးရသည်။ အမြစ်စွဲပြီးသောအခါ အပင်အများအပြားထွက်၍ ပေါင်းမြက်ပင်အပေါ် အရိပ်ကျမည် ဖြစ်သည်။ ပထမ နှစ်တွင် ပွင့်လာသော ပန်းပွင့်များကို ဖယ်ရှားပေးခြင်းဖြင့် အပင်၏ အားသည် ဥဖြစ်ထွန်းမှုအတွက် အသုံးကျသည်။ မြေကြီးကို ၃ - ၅ လက်မအထူရှိ ကောက်ရိုးနှင့် ဖုံးအုပ်ထားခြင်းဖြင့် အစိုဓာတ် ကို ထိန်းထားနိုင်သည်။ - ရိတ်သိမ်းခြင်း - မြေကြီးအေးပြီး ဆောင်းဝင်စအချိန်တွင် ၄ -၆ လက်မရှိ ဥများကို တူးဖော်ရသည်။ အချိုဆုံးအနံ့ရရှိစေရန် အေးသောရာသီတွင်း အရွက်များ အညိုရောင်အသန်းမချင်း၊ မြေကြီး မအေးမချင်း မတူးဖော်ဘဲ စောင့်ဆိုင်းရသည်။ တစ်ပင်လုံးကို တူးဖော်ပြီး အကြီးဆုံးဥကို စားသုံးရသည်။ အခြားငယ်သော ဥများကို မြေတွင် ချန်ထားခြင်းဖြင့် နောက်နှစ်အတွက် အပင် ရရှိမည်ဖြစ်သည်။ - ပိုးမွှားရောဂါ - ပိုးမွှားပြဿနာ ပဲပိုးတီပင်တွင် မရှိပါ။ - Source - စိုက်ပျိုးရေးဦးစီးဌာန - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
