ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ ရက်ပိုင်းအတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ ရက်ပိုင်းအတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
မန္တလေးဈေးကွက်အတွင်း ပဲစင်းငုံအသစ်များ ဝင်ရောက်လာသော်လည်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အောက် သာပေါက်ဈေးရှိနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။
၂၀၂၅ ခုနှစ် ကျွန်းစားတော် ပဲအသစ်များ ဇန်နဝါရီ ၁၂ ရက် ခန့်တွင် စတင်ဝင်ရောက်လာမည် ဖြစ်ပြီး လက်ကျန်ပစ္စည်းမရှိတော့ တာကြောင့် သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၅၀၀၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်လာရာ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အောက်သာ ပေါက်ဈေးရှိနေကြောင်း၊ အလားတူ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာလည်း တစ်အိတ်လျှင် ငွေကျပ် သုံးသိန်း အောက်ရောက်နေကြောင်း၊ မြေပဲဆန်မှာ အဝယ်သွက်နေပြီး အနည်းငယ် ဈေးမြင့်တက်လာကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ကျွန်းစားတော်ပဲအသစ်များ စတင် ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)ပိုင်ရှင်က ပြောသည်။
`` ၂၀၂၅ခုနှစ် ပဲစင်းအသစ်တွေ မန္တလေးဈေးကွက်အတွင်း စတင် ဝင်ရောက်လာပေမယ့် ဈေး ကောင်း မဟုတ်သေးပါဘူး။ နယ်ဈေးကွက်မှာတော့ အရောင်း အဝယ်သွက်နေပါတယ်။ မြေပဲဆန် ဈေးလည်း အရောင်းအဝယ်ကောင်းလာတော့ ဈေးအနည်းငယ်မြင့် လာပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေကတော့ တစ်အိတ်ကို ငွေကျပ် ၃၀၀၀၀၀ အောက် ကျဆင်းနေပါတယ်။ မကြာမီ ကျွန်းစားတော်ပဲတွေ အသစ်ဝင် ရောက်တော့မှာပါ ´´ ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၉ ရက်တွင် ပို့ကုန် မတ်ပဲ(အသစ်)တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲစင်းငုံမှာ ပဲနှမ်းဈေးကွက်အတွင်း စတင် ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀ ခန့် (နယ်ဈေး) ပေါက်ဈေးရှိနေ သည်။ ပဲတီစိမ်း(အညာ)တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံးကုလားပဲအုပ်စု မှာ ဈေးငြိမ်နေရာ ဇန်နဝါရီ ၉ ရက်တွင် ကုလားပဲ V2တစ် အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၇၈၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။
နှမ်းမျိုးစုံမှာ အနည်းငယ် ဈေးကျဆင်းနေရာ ဇန်နဝါရီ ၉ ရက်တွင် နှမ်းနက်(စမုန်) ၄၅ ပိဿာ တစ်အိတ်လျှင်ငွေကျပ် ၆၅၅၀၀၀၊ အက်စစ်လွတ်တစ်အိတ် လျှင် ငွေကျပ် ၆၇၅၀၀၀၊ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းဖြူ(ဗမာ-သစ်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အသီးသီး ပေါက်ဈေး ရှိနေကြောင်း သိရသည်။
ရွှေမန်း
မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437
ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး


NewsFeed
Communities
Explore
Inbox
Me
Market Price