cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ပင်စည်ထိုးယင်ကျတယ်ဆိုရင် ပင်စည်၏အခြေသည် ပုံမှန်ထက် ဖောင်းပွနေတဲ့ပုံစံကို အဓိကတွေ့ရပြီး ပင်စည်ကိုခွဲကြည့်လိုက်ရင် ပင်စည်ထိုးယင်ရဲ့ ရုပ်ဖုံးအဆင့်ကိုတွေ့ရပါတယ်။
  • ၂၀၂၅ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 32°C မှ ညအပူချိန် 18°C အထိရှိနိုင်ပြီး အေးမြကြည်လင်သာယာနိုင်ပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့

    စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက်

    •  လက်ရှိပဲစိုက်ခင်းများ အပွင့်အဖူးဝင်ချိန်တွင် ဝါပြီးအပင်သေဝင်တာကိုတွေ့နေရပါက သေချာကွင်းဆင်းစစ်ဆေးပါ။
    • ပင်စည်ထိုးယင်ကျတယ်ဆိုရင် ပင်စည်၏အခြေသည် ပုံမှန်ထက် ဖောင်းပွနေတဲ့ပုံစံကို အဓိကတွေ့ရပြီး ပင်စည်ကိုခွဲကြည့်လိုက်ရင် ပင်စည်ထိုးယင်ရဲ့ ရုပ်ဖုံးအဆင့်ကိုတွေ့ရပါတယ်။
    • ကျရောက်မှုများရင် ပဲပင်တွေအဝါရောင်ပြောင်းပြီး အကွက်လိုက်သေတဲ့လက္ခဏာကို တွေ့ရပါတယ်။
    • ကျရောက်တာသေချာရင် သေတဲ့အပင်တွေကိုမဖြစ်မနေဆွဲနုတ်ပစ်ပြီး ရှင်းပစ်ပါ၊ ပြီးမှဆေးဖျန်းပါ၊ မရှင်းဘဲဆေးဖျန်းရင်လည်း ထိရောက်မှုအားနည်းပါတယ်။
    • ပိုးသတ်ဆေးအနေနဲ့ Chlorfenapyr + Abamectin (သို့မဟုတ်) Acetamiprid ကိုအသုံးပြုနိုင်ပါတယ်။
    • နှစ်စဥ်ကျရောက်ပါက မစိုက်ခင် Fipronil ကိုမြေခံအဖြစ်ထည့်ပေးနိုင်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

    ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- 

    မျိုးငါးမွေးတဲ့ တောင်သူများအနေဖြင့် မျိုးငါးထည့်ပြီး အစောပိုင်းရက်များတွင် ပဲဖတ်နဲ့ ဖွဲ့နုကို အရေ ဖျော်ပြီးမှသာ ကျွေးရန်၊ 

    မျိုးငါးများကို အကြိမ်ရေများများဖြင့် နည်းနည်းစီ အစာခွဲကျွေးရန်၊ 

    မျိုးငါးများ ကန်ရေအောက်ဆီဂျင်မပြတ်ရေး အထူးဂရုစိုက်ရန်နှင့် ရေအနက်ကို ၃ ပေဝန်းကျင်သာ ထားရန်၊ 

    ကန်ထဲသို့ ထုံးထည့်ရာတွင် ၂ လ တစ်ခါသာ ထည့်ရန်၊ လစဉ်ထည့်ပေးခြင်းကို ရှောင်ရှားရန်၊ 

    ---------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
2136