ရန်ကုန်တိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 32°C မှ ညအပူချိန် 18°C အထိရှိနိုင်ပြီး အေးမြကြည်လင်သာယာနိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - မျိုးငါးမွေးတဲ့ တောင်သူများအနေဖြင့် မျိုးငါးထည့်ပြီး အစောပိုင်းရက်များတွင် ပဲဖတ်နဲ့ ဖွဲ့နုကို အရေ ဖျော်ပြီးမှသာ ကျွေးရန်၊ - မျိုးငါးများကို အကြိမ်ရေများများဖြင့် နည်းနည်းစီ အစာခွဲကျွေးရန်၊ - မျိုးငါးများ ကန်ရေအောက်ဆီဂျင်မပြတ်ရေး အထူးဂရုစိုက်ရန်နှင့် ရေအနက်ကို ၃ ပေဝန်းကျင်သာ ထားရန်၊ - ကန်ထဲသို့ ထုံးထည့်ရာတွင် ၂ လ တစ်ခါသာ ထည့်ရန်၊ လစဉ်ထည့်ပေးခြင်းကို ရှောင်ရှားရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
