cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ဇန်နဝါရီလရောက်တာနဲ့ မြေအစိုဓာတ်လည်းဆုတ်လာချိန်၊ အအေးပိုအပူချိန်ကျလာချိန်တွင် အပင်ဖြစ်ထွန်းချိန်ကုန်ပြီး အသီးအပွင့်ဖြစ်ထွန်းချိန်ရောက်လာပါပြီ။
  • ၂၀၂၅ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 30°C မှ ညအပူချိန် 16°C အထိ လျော့ကျနိုင်ပြီး အေးမြကြည်လင်သာယာနိုင်ပါတယ်။

    Weather Source: Su Su San

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ စိုက်တောင်သူများထံသို့….

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    ·      ဇန်နဝါရီလရောက်တာနဲ့ မြေအစိုဓာတ်လည်းဆုတ်လာချိန်၊ အအေးပိုအပူချိန်ကျလာချိန်တွင် အပင်ဖြစ်ထွန်းချိန်ကုန်ပြီး အသီးအပွင့်ဖြစ်ထွန်းချိန်ရောက်လာပါပြီ။

    ·      အအေးပို၊ အပူချိန်လျော့တာကြောင့် ဝတ်မှုန်ကူးအောင်မြင်သော်လည်း အသီးမတင်၊ သီးတောင့်သေးငယ်တာတွေ ကြုံရတတ်ပါတယ်။

    ·      အအေးဒဏ်ကြောင့် အရွက်ရဲ့လေရှုပေါက်များကောင်းမွန်စွာ မပွင့်နိုင်တဲ့အချိန် ဓာတုဆေးများ အလွန်အကျွံဖျန်းခြင်းကို ရှောင်ပေးပါ။

    ·      ပိုတက်စီယမ်နိုက်ထရိတ် ၊ Nitrogen (နိုက်ထရိုဂျင်ရွက်ဖျန်း)၊ EM ၊ Salicylic acid ၊ 0.2% ဘိုရွန် စတဲ့ အာဟာရတွေကို အဓိကဖြည့်စွက်ပေးနိုင်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

                 ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    အအေးပိုလာတဲ့အတွက် ကန်ရေအပူချိန် ကျဆင်းလာနိုင်ပြီး အစာကျွေးခြင်းကို မနက် ၉:၀၀ နာရီ နောက်ပိုင်းတွင် ဆောင်ရွက်ရန်၊

    အစာကျွေးရာတွင် မနက်ပိုင်း ၄၀ ရာခိုင်နှုန်း၊ ညနေပိုင်း ၆၀ ရာခိုင်နှုန်းကျွေးရန်၊

    ယခုလို ရာသီအကူးအပြောင်းမှာ ကန်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပြီး ငါးအနီစက်ရောဂါ များကျတက်သဖြင့် ဂရုစိုက်ရန်၊

    ငါးအနီစက်ရောဂါကျပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန်၊

    ---------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
4
comments
0
views
1772