ပဲခူးတိုင်း ဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 30°C မှ ညအပူချိန် 16°C အထိ လျော့ကျနိုင်ပြီး အေးမြကြည်လင်သာယာနိုင်ပါတယ်။ - Weather Source: Su Su San - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - အအေးပိုလာတဲ့အတွက် ကန်ရေအပူချိန် ကျဆင်းလာနိုင်ပြီး အစာကျွေးခြင်းကို မနက် ၉:၀၀ နာရီ နောက်ပိုင်းတွင် ဆောင်ရွက်ရန်၊ - အစာကျွေးရာတွင် မနက်ပိုင်း ၄၀ ရာခိုင်နှုန်း၊ ညနေပိုင်း ၆၀ ရာခိုင်နှုန်းကျွေးရန်၊ - ယခုလို ရာသီအကူးအပြောင်းမှာ ကန်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပြီး ငါးအနီစက်ရောဂါ များကျတက်သဖြင့် ဂရုစိုက်ရန်၊ - ငါးအနီစက်ရောဂါကျပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
