cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မိမိတို့ ပဲမျိုးစိုက်ခင်းများ ရာသီဥတုအေးခြင်းကြောင့် ကြီးထွားမှု နှေးကွေးပြီး အပင်များကျစ်နေခဲ့ရင် ဆာလ်ဖာသုံးခြင်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်။
  • ၂၀၂၅ဇန်နဝါရီလ ၁၅ရက်နေ့မှ ၂၃ရက်နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတုကြည်လင်သာယာနိုင်ပါတယ်။

    နေ့အပူချိန် 31°C မှ ညအပူချိန် 17°C အထိရှိနိုင်ပါတယ်။

    Weather Source: Su Su San

    မကွေးတိုင်းဒေသကြီးအတွင်းရှိ ပဲမျိုးစုံစိုက်တောင်သူများထံသို့…

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    မိမိတို့ ပဲမျိုးစိုက်ခင်းများ ရာသီဥတုအေးခြင်းကြောင့် ကြီးထွားမှု နှေးကွေးပြီး အပင်များကျစ်နေခဲ့ရင် ဆာလ်ဖာသုံးခြင်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်။

    ဆာလ်ဖာ ရဲ့ လုပ်ဆောင်ချက်က

    (၁) ရာသီဥတုအေးခြင်းကြောင့် ကြုံတွေ့နေရသော ကြီးထွားမှုနှေးကွေးခြင်းကို အစာကြောနှင့်ရေကြောစည်းများ၏ လုပ်ဆောင်မှုအားကောင်းစေပြီး အရွက်များကို စိမ်းလန်းစေပါတယ်။

    (၂) ဖားဥမှိုရောဂါ နှင့် မွှားပင့်ကူပိုးကိုလည်း ကာကွယ်စေပါတယ်။

    ဒါကြောင့် ဆောင်းသီးနှံ ပဲမျိုးစုံစိုက် တောင်သူလယ်သမားများ ကြုံတွေ့နေကြရသော

    ♥အပင်ကျစ်၍ ထိုင်နေခြင်း။

    ♥အပင်ဖြစ်ထွန်းမှု နောက်ကျခြင်း။

    ♥အပွင့်မပွင့်နိုင်၊ မသီးနိူင်ဖြစ်ခြင်းကို လျော့ကျစေနိုင်ပါသည်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    ညဘက်နဲ့ မနက်ပိုင်းတွင် အအေးပိုလာနိုင်တဲ့အတွက် ပျော်ဝင်အောက်ဆီဂျင်ရရှိရေးအတွက် ရေကို လှုပ်ရှားပေးရန်၊

    ရေချဉ်ဖန်နှုန်းတက်နိုင်တဲ့ ဒေသဖြစ်တဲ့အတွက် အကယ်၍ ရေချဉ်ဖန်နှုန်းအလွန်အမင်းတက်နေပါက တစ်ဧကလျှင် ရှာလကာရှည် ၄ ပုလင်း သို့မဟုတ် ပုလဲမြေဩဇာ ၅ ပိဿာထည့်ပေးရန်၊

    အစာကျွေးခြင်းကို နံနက် ၉:၀၀ နာရီနောက်ပိုင်းမှသာ ဆောင်ရွက်ရန်၊

    လိုအပ်လို့ ထုံးထည့်ပါက ၂ လ သို့မဟုတ် ၃ လခြားပြီးမှသာ နောက်တစ်ကြိမ်ထည့်ရန်၊

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
1
views
2126