တန်ဖိုးမြင့် ဂဏန်းမွေးမြူခြင်းလုပ်ငန်း
- မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မွန်၊ တနင်္သာရီတိုင်းတို့တွင် ဂဏန်း ထုတ်လုပ်ရောင်းဝယ်ခြင်းသည် ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ ဂဏန်းထုတ်လုပ်ရောင်း ဝယ်ခြင်းလုပ်ငန်းမှာ သဘာဝမှ ဖမ်းဆီးရောင်းဝယ်ခြင်းလုပ်ငန်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရေထွက်ကုန်လုပ်ငန်းများ နိုင်ငံခြားသို့ တင်ပို့ရောင်းဝယ်ခြင်းတွင် ဂဏန်းသည်လည်း ပါဝင်ခဲ့ပါသည်။ - ရေသယံဇာတဂဏန်းသည် မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် စီးပွားဖြစ်ထုတ်လုပ်နိုင်သော ဂဏန်း လေးမျိုးသည် မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်ပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖမ်းဆီးရောင်းဝယ်ခြင်းလုပ်ငန်းတွင် အများစုတွေ့ရှိရသော ဂဏန်းမျိုးစိတ်မှာ အိုလီဗာစီး (Scylla Olivacea ) ဖြစ်ပါသည်။ အဆိုပါ ဂဏန်းများသည် ဧရာဝတီတိုင်း ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာမြို့နယ်များတွင် အများဆုံးထွက်ရှိပြီး၊ ဒေသခံများမှ ဖမ်းဆီးရောင်းဝယ် နေကြောင်းတွေ့ရှိရပါသည်။ - ဂဏန်းများ၏သဘာဝမှာ ရေချိူ ရေငန်စပ်တွင် နေထိုင်ကြီးပြင်းပြီး ရေငန်နှုန်း 5 PPT မှ 10 PPT အတွင်း နေထိုင်းကြီးပြင်းကြပါသည်။ ဂဏန်းများသည် တွင်းတူးနေထိုင်ကြပြီး အောက်ခံမြေ ရွံ့ ၊ နုံးသဲ မြေကို ကြိုက်နှစ် သက်ကြပါသည်။ ဒီရေတောအတွင်း နေထိုင်ခြင်း ကြီးပြင်းသဖြင့် ဒီရေတောဂဏန်းဟုလည်း ခေါ်ဆိုကြပါသည်။ ဂဏန်းများသည် ပင်လယ်အတွင်း ရေငန်နှုန်းကောင်းသောဒေသတွင် သားပေါက်ကြပြီး ၊ သားလောင်းများသည် ပင်လယ်ကမ်းစပ် ရေချို ရေငန်ရှိသော ဒီရေတောများအတွင်း နေထိုင်ကြီးပြင်း ကြပါသည်။ အရွယ် ရောက်သော ဂဏန်းများသည် ပင်လယ်ပိုင်းသို့ပြန်လည် ဆင်းပြီး မိတ်လိုက် ဥဆောင်ကြပါသည်။ ဒီရေတောများရှိသော ရေချို ရေငန်စပ်တွင် ရက်ပေါင်း (၉၀)မှ (၁၅၀)အထိနေထိုင်ကြပါသည်။ - ဂဏန်ထွက်ရှိသော နေရာဒေသများတွင် ဂဏန်းဖမ်းဆီးရောင်သူများသည် စျေးကွက်ဝင် ဂဏန်းအရွယ် အစားမှာ (၂၀၀)ဂရမ် ဖြစ်ပါသည်။ သို့သော် ဂဏန်းဖမ်းဆီး ရောင်းဝယ်သူများသည် ဂရမ် (၅၀) မှ (၁၀၀)အတွင်း ဖမ်းဆီးပြီး ရောင်းဝယ်နေကြပါသည်။ ဂရမ် (၂၀၀) ရှိသော ဂဏန်းများသည် ဈေးကွက်ဝင်သဖြင့် နိုင်ငံခြားအထိ တင်ပို့နိုင်ပြီး ဈေးကောင်းရရှိကြပါသည်။ သို့သော် ဂရမ် (၁၀၀)မှ အောက် ဂဏန်းများသည် ဈေးကောင်း မရရှိ သည့်အပြင် ပြည်ပဈေးကွက်တွင် ရောင်းချ၍ မရကြပါ။ ထို့ကြောင့် ဂရမ်(၅၀)မှ ဂရမ် (၁၀၀)အထိရှိသော ဂဏန်းများကို မိမိတို့ဒေသတွင် (၄၅) ရက်ခန့်ပြန်လည်မွေးမြူးခြင်းဖြင့် ဂရမ် (၂၀၀)ရှိဂဏန်းများပြန်လည်ရရှိ နိုင်ပါသည်။ - အထက်ပါဂဏန်းမွေးမြူခြင်းလုပ်ငန်းကိုထွက်တိုးတွင် ဆက်လက်ဖော်ပြပေးပါမည်။ - ဦးစန်းအောင် - ထွက်တိုး - ------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
