cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
လတ်တလော စပါးပင်သက်တမ်းငယ်ချိန် (၃-၅ ရက်) ကြာရေနစ်မြုပ်သွားသော စပါးခင်းများ ရေပြန်ကျသွားချိန်တွင် ပထမဆုံး EM (အီးအမ်)ကို မြေကြီးနားကပ်ပြီး ဖျန်းပေးပါ။
  • ၂၀၂၅ဇန်နဝါရီလ ၁၆ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီးတွင်

    မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပါဘူး။

    ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • လတ်တလော စပါးပင်သက်တမ်းငယ်ချိန် (၃-၅ ရက်) ကြာရေနစ်မြုပ်သွားသော စပါးခင်းများ ရေပြန်ကျသွားချိန်တွင် ပထမဆုံး EM (အီးအမ်)ကို မြေကြီးနားကပ်ပြီး ဖျန်းပေးပါ။
    • ဖျန်းပြီး နောက် ၃ ရက်အကြာမှ အစိုဓာတ်အပင်ခြေ ၂ လက်မလောက်ရဖို့လိုပြီး၊ တစ်ဧကကို နိုက်ထရိုဂျင်ယူရီးယား (N) ၄ပုံ၁ပုံ+ ပိုတက်ရှ် (K) ၂ပုံ၁ပုံ ထည့်ပေးပါ။
    • ရေမြုပ်ခံရပြီးနောက် ဘာမှိုသတ်ဆေး၊ ပိုးသတ်ဆေးမှ တန်းပြီးမဖျန်းပါနဲ့၊ အဲ့အချိန်တွင် အပင်က ခံနိုင်ရည်မရှိသေးပါဘူး။
    • ရွက်ညိုပြောက်ကျနေသော စပါးခင်းများ နိုက်ထရိုဂျင်ပုလဲမြေဩဇာကို ချင့်ချိန်ထည့်ပြီး၊ အဓိက ဆီလီကာ (Si)၊ မဂ္ဂနီဆီယမ် (Mg) နှင့် ကယ်လ်ဆီယမ် (Ca) ပါဝင်သောမြေဩဇာကို ထည့်ပေးပါ။
    • အသုံးပြုနိုင်သောမှိုသတ်ဆေးများ- Mancozeb+ Cymoxanil ( ပျိုးခင်းအဆင့် လက္ခဏာစတင်ချိန်) ၊ Trifloxystrobin, Iprodione (စိုက်ခင်းတွင် တွေ့ရပါက) အသုံးပြုနိုင်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

    ·      ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    ·      ငါးမှုန်ငါးသန်မွေးမြူရာတွင် ရေအနက် ၃ ပေအထိသာ ထားရန်၊ 

    ·     ငါးရိုင်းများဖယ်ရှားရာတွင် ရိုတီနုံးဆေး သုံးရန်၊ 

    ·      ရိုတီနုံးမသုံးလိုပါက ကန်ရေသွင်းရာတွင် ရေစစ်ဖြင့် သွင်းရန်၊ 

    ·      ငါးမှုန်များကို အစာကျွေးရာတွင် ပဲဖတ်ကို အရည်ဖျော်၍ အကြိမ်ရေများများဖြင့် နည်းနည်းစီကျွေးရန်၊ 

    ·      ငါးအနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများ ကျရောက်လာပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန် သို့မဟုတ် အမောက်စလင်ဆေးတောင့်ကို ရေဖျော်၍ ထည့်ပေးရန်၊ 

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
1481