ရာဂီမုန်တိုင်းကြောင့် ပြည်ပသို့ ပုစွန်တင်ပို့မှု လျော့နည်းခဲ့ပြီး ၉ လအတွင်း မက်ထရစ်တန် ၆,၀၀၀ ကျော် တင်ပို့ထားဟုဆို
မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ၉ လတာကာလ အတွင်း ပြည်ပသို့ ပုစွန်တစ်မျိုးတည်း မက်ထရစ်တန် ၆,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၂၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
ယခု ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြည်ပသို့ ပုံမှန်ရေကြောင်းကုန်သွယ်မှုမှ ပုစွန် မက်ထရစ်တန် ၅,၀၇၅ ဒသမ ၈၅၄ တင်ပို့ထားကာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၃၅ သန်းရရှိခဲ့ကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၁၁၇၇ ဒသမ ၁၇ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်းရရှိခဲ့ကြောင်း၊ စုစုပေါင်းတင်ပို့မှု ပုစွန်မက်ထရစ်တန် ၆,၂၅၃ ဒသမ ၀၂၄ တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၀၃၅ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။
ယခင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကာလတူမှာတော့ ပုစွန် တင်ပို့မှုစုစုပေါင်း မက်ထရစ်တန် ၈၄၃၂ ဒသမ ၁၀၄ ရှိပြီး အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၀၇၉ သန်း ရရှိခဲ့တာကြောင့် ယခုဘဏ္ဍာနှစ်မှာ မက်ထရစ်တန် ၂၁၇၉ ဒသမ ၀၈ လျော့ကျခဲ့သလို ကန်ဒေါ်လာအားဖြင့် ၁၁ ဒသမ ၀၄၄ သန်းလျော့ကျခဲ့တာဖြစ်တယ်လို့ ၎င်းဌာနရဲ့ စာရင်းများအရ သိရပါတယ်။
ထိုသို့ လျော့နည်းခဲ့မှုဟာ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ စူပါတိုင်ဖွန်း မုန်တိုင်း ရာဂီရဲ့ သက်ရောက်မှုကြောင့် ပင်လယ်ပြင်မှာ ငါး၊ ပုစွန် ဖမ်းဆီးမှုတွေ ရပ်နားခဲ့ရတဲ့အတွက် ဖမ်းဆီးမှုများ လျော့နည်းခဲ့သလို တင်ပို့မှုအားဖြင့်လည်း လျော့နည်းသွားခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက MFN ကို ပြောကြားပါတယ်။
မြန်မာနိုင်ငံမှ ငါး၊ ပုစွန်စသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှလည်း တိုက်ရိုက်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။
Myanmar Future News မှ ကူးယူဖော်ပြပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437
ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး


NewsFeed
Communities
Explore
Inbox
Me
Market Price