cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးဈေးကွက်ရှိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ)ဈေးနှုန်း သုံးသပ်ချက်

. Market Analysis
ဈေးကွက်အတွင်း ပဲပုပ်အသစ်များ ဝင်ရောက်နေ၍ ဈေးကျရခြင်းဖြစ်ပါတယ်။ ခန့်မှန်းရမယ်ဆိုရင် ယခုလအတွင်း ဈေးဆက်ကျနိုင်ပါတယ်ခင်ဗျာ။
  • မန္တလေးဈေးကွက်ရှိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ)ဈေးနှုန်း (၅၃.၂၅ ပိဿာ)များကို လေ့လာသော် ပဲပုပ် (ရှမ်း)ဈေးနှုန်းမှာ ၃၁၅,၀၀ဝိ/-ကျပ်မှ ၃၂၀,၀၀ဝိ/-ကျပ်၊ ပဲပုပ်(ဗမာ) ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ တတိယပတ် အတွင်း ဈေးမဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ပဲပုပ်(ဗမာ) ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ပထမပတ်တွင် ၅၃၀,၀၀ဝိ/-ကျပ်ဖြင့် ဈေးဖြစ်ခဲ့ပါတယ်။

    ယခင်လ (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ)နှင့် ယခုလ (၂၀၂၅ ခုနှစ် ဇန်နဝါရီလ)နှိုင်းယှဉ်ခြင်း

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဈေးနှုန်းအား ယခင်လ(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ) ဈေးနှုန်းများဖြင့် နှိုင်းယှဉ် သော် ပဲပုပ် (ရှမ်း)ပျမ်းမျှဈေးနှုန်း ယခင်လထက် ၆၂,၅၀ဝိ/-ကျပ်၊ ပဲပုပ် (ဗမာ)ဈေးနှုန်းမှာ ၄၃,၄ဝဝိ/-ကျပ်ဖြင့် အသီးသီးဈေးကျနေတာကို တွေ့ရပါတယ်။

    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ လအလိုက် ဈေးနှုန်းသုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ) ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲပုပ်(ရှမ်း)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆၈,၂၆၉ ကျပ်၊ မတ်လတွင် ၁၇၈,၆၅၀ ကျပ်၊ ဧပြီလတွင် ၁၅၆,၈၀၀ိ/-ကျပ်၊ မေလတွင် ၁၆၈,၀၀၅ိ/- ကျပ်၊ ဇွန်လတွင် ၂၀၃,၉၆၀ိ/-ကျပ်၊ ဇူလိုင်လတွင် ၂၄၀,၀၉၅ိ/-ကျပ်၊ ဩဂုတ်လတွင် ၃၅၂,၇ဝဝိ/-ကျပ်၊ စက်တင်ဘာလတွင် ၃၇၄,၁ဝဝိ/-ကျပ်၊ အောက်တိုဘာ လတွင် ၃၆၈,၃၅ဝိ/-ကျပ်၊ နိုဝင်ဘာလတွင် ၃၇၇,၁၂၅ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၃ဝဝ,ဝဝဝိ/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၂၃၇,၅ဝဝိ/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    ပဲပုပ်(ဗမာ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၇၃,၀၅၆/-ကျပ်၊ မတ်လတွင် ၁၇၇,၃၂၀/- ကျပ်၊ ဧပြီလတွင် ၁၆၆,၅၆၃/-ကျပ်၊ မေလတွင် ၁၈၂,၅၆၅/-ကျပ်၊ ဇွန်လတွင် ၁၉၈,၁၈၃/-ကျပ်၊ ဇူလိုင်လတွင် ၂၂၅,၃၃၅/-ကျပ်၊ ဩဂုတ်လတွင် ၃၁၆,၃ဝဝိ/-ကျပ်၊ စက်တင်ဘာလတွင် ၃၈၈,၅ဝဝိ/-ကျပ်၊ အောက်တိုဘာ လတွင် ၄၀၀,၀၉၂/-ကျပ်၊ နိုဝင်ဘာလတွင် ၄၂၇,၃၇၅ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၃၆၉,၁၅ဝိ/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃၂၅,၇၅ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    သုံးသပ် ခန့်မှန်းချက်

    ဈေးနှုန်းသုံးသပ်ရသော် ပဲပုပ်(ရှမ်း)နဲ့ ပဲပုပ်(ဗမာ) ပျမ်းမျှဈေးနှုန်းများ ဈေးကျနေတာကို တွေ့ရပါ တယ်။ ဈေးကွက်အတွင်း ပဲပုပ်အသစ်များ ဝင်ရောက်နေ၍ ဈေးကျရခြင်းဖြစ်ပါတယ်။ ခန့်မှန်းရမယ်ဆိုရင် ယခုလအတွင်း ဈေးဆက်ကျနိုင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    ဦးပြည့်ဖြိုးအောင်

    ထွက်တိုး

    ---


  • article
likes
1
comments
0
views
1745