cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တောင်သူ့စိုက်ခင်းထဲက ပြဿနာတွေကို လေ့လာကြမယ် 🪴🐛🪴

. Pests Management
ဒီတစ်ပတ်မှာတော့ နယ်ပယ်အသီးသီးက တောင်သူတွေရဲ့ စိုက်ခင်းထဲမှာ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မျှဝေဆွေးနွေးပေးသွားပါမယ်။
  • ယခုဖော်ပြပေးထားတဲ့အကြောင်းအရာများကတော့ တောင်သူဘက်ကမေးထားတဲ့ က

    စိုက်ခင်းတွေမှာ ရောဂါ၊ ပိုးမွှားကျနေတဲ့ ပြဿနာတွေကို ထွက်တိုးစိုက်ပျိုးရေးပညာရှင်များက ပြန်လည်ဖြေကြားပေးထားတာဖြစ်ပါတယ်။

    တောင်သူများလည်း မိမိစိုက်ခင်းမှာ ဖော်ပြပါပုံအတိုင်းကျရောက်မှုရှိမရှိ ကင်းထောက်စစ်ဆေးကြည့်နိုင်ပါတယ်။

    စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ထွက်တိုးစိုက်ပျိုးရေးပညာရှင်များနဲ့ဆွေးနွေးလိုတယ်ဆိုရင်တော့ ထွက်တိုး App ရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်ခင်းဓာတ်ပုံနှင့်တကွ သိရှိလိုသောအကြောင်းအရာများကို မေးမြန်းနိုင်ပါတယ်။

    ***************

    ၁. သံကြေးဖြူကျနေတာဖြစ်ပါတယ်။ ရောဂါကျနေတဲ့အရွက်တွေကိုရွေးပြီးဖယ်ပစ်ပါ၊ တစ်ခါတည်းကြွပ်ကြွပ်အိတ်ထဲထည့်ပြီး စိုက်ခင်းနဲ့ဝေးရာသို့ပစ်ပါ၊ မြေကြီးပေါ်မချထားခဲ့ပါနဲ့။ လက်ရှိစိုက်ခင်းရေဖြတ်ပေးပါ၊ မှိုစပိုးတွေက ရေနဲ့အဓိကပွားများတာဖြစ်ပါတယ်။ Propamocarb 20 cc + Fosetyl-Al 10 cc ကို အရွက်အောက်ကနေ နော်ဇယ်ကိုပင့်ပြီးဖျန်းပါ၊ လုံးဝအုပ်ပြီး မဖျန်းပါနဲ့။ အပင်ခြေကို ပိုတက်ရှ် (K)+ မဂ္ဂနီဆီယမ် (Mg) ထည့်ပေးပါ။ ဆေးဖျန်းပြီး နောက်တစ်ပါတ်မှာ အပင်ခြေကိုထုံးမှုန့်ဖြူးပါ၊ အခင်းဖျက်ရင် ပင်ကြွင်းပင်ကျန်ကိုအပြောင်ရှင်းပါ၊ ရောဂါကို ဆက်မပွားဖို့ပဲအဓိကထိန်းတာဖြစ်ပါတယ်။

    ***************

    ၂. ဒေါင်းနီးရွက်ခြောက်ပါ၊ အုပ်မိုးရေဖျန်းတာကို အထူးရှောင်ပြီး Cymoxanil+ Mancozeb အရောကို (၄ ဂါလံဆေးဖျန်းပုံးမှာ ၅၀ ဂရမ်) ထည့်ပြီးဖျန်းပေးပါ။ဒုတိယအကြိမ်အဖြစ် ၁၀ ရက်ခြားပြီး Fosetyl Al 80% (နှုန်းထား ၂၀ လီတာ/ ၄ ဂါလံ)နဲ့ထပ်ဖျန်းပေးပါ။ အခုလိုဝါခြောက်သွားတဲ့အပင်တွေကတော့ ပြန်စိမ်းလာမှာမဟုတ်ပါဘူး၊ ကူးစက်လာတာမျိုးရှိ မရှိကိုသေချာစစ်ဆေးပေးပါ။ ရွက်ဖျန်းအားဆေးတွေထပ်မဖျန်းပါနဲ့ဦး။

    ***************

    ၃. စာကိုစပိုရာမှိုကြောင့်ဖြစ်တဲ့ ရွက်ပြောက်လက္ခဏာပါ၊ စာကိုစပိုရာက မနက်ခင်းနှင်းကျပြီး နေ့လည်ဘက်အပူချိန်မြင့်တဲ့အခြေအနေကိုကြိုက်နှစ်သက်ပါတယ်။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole / Pyraclostrobin + Tebuconazole လိုဆေးမျိုး အဆင်ပြေရာကိုသုံးနိုင်ပါတယ်။

    ***************

    ၄. ပျပိုးတွေကျနေတာဖြစ်ပါတယ်။ အပင်ခြေ အစိုဓာတ်ကိုထိန်းပေးပါ၊ စိုထိုင်းဆများအောင်မလုပ်ပါနဲ့၊ စိုထိုင်းဆများရင်ပွားများနှုန်းမြန်ပါတယ်၊ အိမ်စားဖို့စိုက်တာဆိုရင် ဓာတုဆေးမသုံးဘဲ ပန်းကန်ဆေးဆပ်ပြာဆီကို ရေတစ်လီတာမှာ ၂ဇွန်းထည့်ပြီး ဖျန်းပေးပါ၊ ဒါမှမဟုတ် ဆေးရွက်ကြီး (ကွမ်းစားဆေး) ကို ၂၄ နာရီစိမ်ပြီး ရတဲ့အရည်ကိုဖျန်းပေးပါ။ ကိုင်းတွေကိုဖြတ်ပစ်ပြီးမှ ဖျန်းပါ။ ဓာတုပိုးသတ်ဆေးသုံးချင်ရင်တော့ Fenoxycarb, Ethiprole, Spirotetramat လိုဆေးမျိုးကိုဖျန်းနိုင်ပါတယ်။

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
  • article
  • article
  • article
likes
19
comments
0
views
2602