မန္တလေးတိုင်း ကြက်သွန်စိုက်တောင်သူများထံသို့
- အေးမြကြည်လင်သာသာယာရှိနေပါလိမ့်မယ် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ - ကြက်သွန်မျိုးစေ့ထုတ်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ကြက်သွန်ပန်းပွင့်ချိန်တွင် အပူချိန် ၃၅ စင်တီဂရိတ်ထက်မြင့်ပါက ပန်းပွင့်များအစေ့မအောင်ဘဲ မျိုးစေ့အထွက်နှုန်းလျှော့ကျစေနိုင်ပါတယ်။ - မျိုးစေ့ထုတ်လုပ်စိုက်ပျိုးသူများအနေဖြင့် ကြက်သွန်ပန်းပွင့်မည့်အချိန်တွင် အေးသောရာသီဥတုနှင့် ကိုက်ညီအောင် စိုက်ပျိုးချိန်ကို ညှိ၍စိုက်ပျိုးပါ။ - မျိုးစေ့ထုတ်စိုက်ခင်းကို ရောဂါကျရောက်မှုမရှိစေရန်ကြိုတင်ကာကွယ်ပါ။ ပန်းပွင့်ချိန်တွင် ရောဂါမကျရန်အထူးဂရုပြုလုပ်ဆောင်ပါ။ - ပင်ကြားဝတ်မှုန်ကူးခြင်းဖြင့် အစေ့အောင်သောကြောင့် ပျားကဲ့သို့သော ဝတ်မှုန်ကူပေးသည့် အင်းဆက်ပိုးများ အရေတွက်များအောင်လုပ်ဆောင်ပါ။ ပိုးသတ်ဆေးများအလွန်ကျွံမသုံးပါနှင့်။ - ဘိုရွန်၊ ဆာလဖာ နှင့် အခြားအနည်းလိုအဟာရဓါတ်များသာပါသော ရွက်ဖျန်းအားဆေးအသုံးပြုပါ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ရေချဉ်ဖန်နှုန်းတက်လာနိုင်တဲ့အတွက် တစ်ဧကကို ဇရှာလကာရှည် ၄ ပုလင်း သို့မဟုတ် ပုလဲမြေဩဇာ ၅ ပိဿာထည့် ပေးရန်၊ - အစာတောင့်ဈေးကြီးချိန် ဖွဲနုကို ပဲဖတ် ဒါမှမဟုတ် ပဲပုပ်ဖတ်တိုနဲ့ ၆:၄ အချိုးနဲ့ ရောက်နှောကျွေးနိုင်ရန်၊ - ညဘက်နဲ့ မနက်စောစောတွင် ကန်ရေ ပျော်ဝင်အောက်ဆီဂျင် ကျဆင်းနိုင်တဲ့အတွက် ရေလှည့်ပေးရန်၊ - ကန်ဖော်ပြီး ကန်များအနေဖြင့် အောက်ခြေနှုန်းထုကို ဖယ်ထုတ်ရန်၊ - ကန်အတွင်းနဲ့ ကန်ဘောင်ပေါ်ရှိ မြက်များကို ရှင်းပေးရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
