မန္တလေးတိုင်းဒေသကြီးတစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- အေးမြကြည်လင်သာသာယာရှိနေပါလိမ့်မယ် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ရေချဉ်ဖန်နှုန်းတက်လာနိုင်တဲ့အတွက် တစ်ဧကကို ဇရှာလကာရှည် ၄ ပုလင်း သို့မဟုတ် ပုလဲမြေဩဇာ ၅ ပိဿာထည့် ပေးရန်၊ - အစာတောင့်ဈေးကြီးချိန် ဖွဲနုကို ပဲဖတ် ဒါမှမဟုတ် ပဲပုပ်ဖတ်တိုနဲ့ ၆:၄ အချိုးနဲ့ ရောက်နှောကျွေးနိုင်ရန်၊ - ညဘက်နဲ့ မနက်စောစောတွင် ကန်ရေ ပျော်ဝင်အောက်ဆီဂျင် ကျဆင်းနိုင်တဲ့အတွက် ရေလှည့်ပေးရန်၊ - ကန်ဖော်ပြီး ကန်များအနေဖြင့် အောက်ခြေနှုန်းထုကို ဖယ်ထုတ်ရန်၊ - ကန်အတွင်းနဲ့ ကန်ဘောင်ပေါ်ရှိ မြက်များကို ရှင်းပေးရန်၊ - --------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
