cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
နီမတုတ်ကြောင့်ဖြစ်သောဒဏ်ရာများမှတဆင့် ဘက်တီးရီးယားဝင်ရောက်မှုလမ်းကြောင်း ဖြစ်စေသောကြောင့် နီမတုတ်များကိုကာကွယ်နှိမ်နင်းပါ။
  • ၂၀၂၅ဇန်နဝါရီလ ၁၈ရက်နေ့မှ ၂၅ရက်နေ့အထိ ရာသီဥတုကြည်လင်သာယာပြီး မြူနှင်းများစွာကျရောက်ပြီး အအေးပိုစေနိုင်ပါတယ်။

    ရှမ်းပြည်နယ်အတွင်း အာလူးစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    အာလူး ဘက်တီးရီးယားပင်ညိုးရောဂါကာကွယ်နိုင်ရန်အတွက်

    • ဘက်တီးရီးယားပင်ညိုးရောဂါ မကျရောက်ဖူးသောနေရာတွင် စိုက်ပျိုးပါ။
    • ရောဂါကင်းသောအာလူးမျိုးကိုစိုက်ပျိုးပါ။
    • နှံစားသီးနှံ သို့မဟုတ် အာလူး၊ခရမ်းချဉ်မျိုးရင်းဝင်မဟုတ်သောသီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။
    • စိုက်ခင်းကို ပုံမှန်စစ်ဆေးမှုများပြုလုပ်၍ ရောဂါကျအာလူးပင်တွေ့ရှိရပါက ချက်ချင်းနှုတ်ယူဖယ်ရှားပေးပါ။
    • နီမတုတ်ကြောင့်ဖြစ်သောဒဏ်ရာများမှတဆင့် ဘက်တီးရီးယားဝင်ရောက်မှုလမ်းကြောင်း ဖြစ်စေသောကြောင့် နီမတုတ်များကိုကာကွယ်နှိမ်နင်းပါ။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- 

    ရာသီဥတုအေးချိန် ငါးများ၏ ဇီဝကမ္မဖြစ်စဉ်နှေးကွေးချိန် အစာကိုလျော့ကျွေးရန်၊ 

    ငါးရောဂါများကျရောက်ချိန်ဖြစ်၍ ကန်အတွင်းငါးများရဲ့ အခြေအနေကို စောင့်ကြည့်ရန်၊ 

    ဖြည့်စွက်စာထဲတွင် ဗိုက်တာမင်စီထည့်ပေးရန်၊ တစ်နေ့လျှင် တစ်ကီလိုဂရမ်ရှိ ငါးတစ်ကောင်ကို ၃၀ မီလီဂရမ်ကျွေးရန်၊ 

    ကန်ထဲတွင် ထုံးအိတ်ဆွဲထားပေးရန်၊ 

    ပျော်ဝင်အောက်ဆီဂျင်ရရှိရေးကို အထူးဆောင်ရွက်ရန်၊ ရေလှယ်ပေးခြင်း၊ ရေဖြန်းခြင်း၊ ရေဒလတ် လည်ပေးခြင်းတွေကို လုပ်ဆောင်ပေးရန်၊

    ---------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
7
comments
0
views
1234