cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
ဒီတစ်ပတ်မှာတော့ ပြောင်း၊ မတ်ပဲ၊ ပဲစင်းငုံစျေးတွေ ထပ်ကျပြီး နှမ်းစျေးကွက်အေးနေပါတယ်။
  • ( ၁၃. ၁ . ၂၀၂၅ မှ ၁၇. ၁. ၂၀၂၅)

    မတ်ပဲ

    မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးက ထပ်မံကျဆင်းပြီး တစ်တန်ကို ၁၈၀၀၀၀ ကျပ်လောက် စျေး ကျသွားပါတယ်။

     အိန္ဒိယမှာလည်း မတ်ပဲက စျေးကျပြီး မြန်မာကနေလည်း ပဲအဝယ်အေးတဲ့အပြင် မြန်မာမှာလည်း မတ်ပဲအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှု ရှိနေတာကြောင့်လည်း စျေးကျနေတာ ဖြစ်ပါတယ်။

     ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၀၁၀၀၀၀၀ ကျပ်စျေးတန်း သာရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၁၉၅၀၀၀ ကျပ်ရှိခဲ့ပါတယ်။

     မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၅၀၀၀၀ မှ  ကျပ်သာ ရှိပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပြည်ကုန်စည်ဒိုင်နဲ့ ဟင်္သာတကုန်စည်ဒိုင်တွေမှာတော့ ပိဿာ ၂၀ ကို ၉၀၀၀၀ ကျပ်ကျော်သာ ရှိပါတယ်။

     ပဲစင်းငုံ

     ပဲစင်းငုံကလည်း ဒီတစ်ပတ်မှာ တစ်တန်ကို ၁၅၀၀၀၀ ကျပ်လောက် စျေးထပ်ကျလာပါတယ်။

     ပြည်တွင်းမှာ ပဲအသစ်တွေပေါ်နေတဲ့အပြင် အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစင်းငုံ က စျေးကျဆင်းနေတာ ဖြစ်ပါတယ်။

     ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို ၂၉၂၀၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၀၇၅၀၀၀ကျပ် ရှိပါတယ်။

     ၂ လ ကျော်ကြာ ဈေးမဖွင့်တဲ့ မန္တလေးစျေးကွက်မှာတော့ ပဲစင်းငုံနီကို ပိဿာ ၆၀ ကို ၂၇၅၀၀၀ မှ ၂၇၄၀၀၀ ကျပ် စျေးဖွင့်ထားတာ တွေ့ရပါတယ်။

    ပြောင်း

      ပြောင်းကတော့ အခု တစ်ပတ်မှာလည်း စျေးအနည်းငယ် ကျရိပ်ပြလာပါတယ်။

     ပြောင်းဆံကို အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံအချို့က ဝယ်လိုအားရှိပေမယ့်လည်း စျေးကတော့ အရင်အပတ်မှာလည်း တစ်ပိဿာကို ၁၀ ကျပ်ကျခဲ့သလို အခုအပတ်မှာလည်း ၁၀ ကျပ် ထပ်ပြီး ကျဆင်းပါတယ်။

     စျေးကျပေမယ့် ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ပုံမှန်အဝယ်ရှိနေနေပါတယ်။

     ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၄၀ မှ ၁၆၆၀ ကျပ် ရှိပါတယ်။ 

     မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၉၀၀၀ မှ ၈၀၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀ မှ ၃၀၀၀ ကျပ်ထပ်ကျလာပါတယ်။ 

     နှမ်းမျိုးစုံ

     ဒီတစ်ပတ်မှာ စမုံ နှမ်းနက်က စျေးကျရိပ်ပြပြီး နှမ်းဖြူက စျေးတက်လာကာ နှမ်းညိုက စျေးငြိမ်နေပါတယ်။ 

     မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းဖြူက ဆောင်းနှမ်းအဝင်နည်းခြင်း၊ လုပ်ငန်းသမားအဝယ် ပုံမှန် ရှိခြင်းကြောင့် စျေးတက်လာပါတယ်။

     နှမ်းညိုက အသစ်အဝင် နည်းခြင်း၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရင်အပတ် က စျေးအတိုင်း ငြိမ်နေတာဖြစ်ပါတယ်။

     နှမ်းနက် (စမုံ)ကတော့ အရည်အသွေး ပေါ်လိုက်ပြီး လုပ်ငန်းသမားနဲ့ တရုတ်ဝယ်လက်အဝယ်နည်းလို့ စျေးကျရိပ်ပြလာတာဖြစ်ပါတယ်။ 

    စမုံ နှမ်းနက်သုံးတင်းတစ်အိတ်ကို ၆၂၀၀၀၀ မှ ၆၉၀၀၀၀ ကျပ်အတွင်းရှိလို့ အရင်အပတ်ကထက် ၁၅၀၀၀ ကျပ်လောက်ကျလာပါတယ်။ နှမ်းညိုကတစ်အိတ်ကို ၃၀၅၀၀၀ မှ ၃၁၀၀၀၀ ကျပ်နဲ့ စျေးငြိမ် ပါ တယ်။ 

     နှမ်းဖြူဗမာက တစ်အိတ်ကို ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်ရှိလို့ အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်တက်လာပါတယ်။နှမ်းဖြူ ဂျပန်ကစျေးဖွင့်ထားခြင်းမရှိပါဘူး။ 

     (AMIA) 

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
7
comments
0
views
1889