Lime sulphur နဲ့ sulphur က အတူတူပဲလား
မတူပါဘူး။ နှစ်ခုလုံးကတော့ မှိုသတ်ဆေးအဖြစ်အသုံးပြုနိုင်တာ တူပါတယ်။ ဘာတွေကွာခြားချက်ရှိပါသလဲ။
- Lime sulphur နဲ့ sulphur က အတူတူပဲလားဆိုတဲ့ မေးခွန်းကို မေးထားပါတယ်။ - မတူပါဘူး။ နှစ်ခုလုံးကတော့ မှိုသတ်ဆေးအဖြစ်အသုံးပြုနိုင်တာ တူပါတယ်။ ဘာတွေကွာခြားချက်ရှိပါသလဲ။ - Sulphur - ဓာတုဗေဒဒြပ်စင် သီးသန့်ဖြစ်ပါတယ်။ အမှုန့်ပုံစံအနေနဲ့ ရှိပါတယ်။ - Mode of Action အနေနဲ့ မှိုဆဲလ်တွေရဲ့ ဇီဝဓာတု အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခြင်းလုပ်ငန်းစဉ်များကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ သီးခြားအနေနဲ့ မွှားပင့်ကူသတ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ထိရောက်မှုကတော့ ဖားဉမှို၊ သံချေးရောဂါအပေါ် သိသာစွာကောင်းပါတယ်။ - ဖျော်စပ်တဲ့ရေရဲ့ pH 6.5-7.5 မှာအာနိသင်ကောင်းမွန်ပြီး 7.5 အထက် အယ်လ်ကာလီအခြေအနေမှာတော့ အာနိသင်ပျက်စီးလွယ်ပါတယ်။ (OPI, Carbamate အုပ်စု ပိုးသတ်ဆေးတွေနဲ့ ၇ ရက်အထိ ကွာခြားပြီးမှ သုံးသင့်ပါတယ်)။ - အခြား မှိုသတ်ဆေးတွေနဲ့ ရောစပ်မှုသဟဇာတဖြစ်ရန်အခြေအနေအလွန်နည်းတာ (အပူချိန်မြင့်ရင် ဆေးလောင်တာ) ကြောင့် သီးသန့်သာ အသုံးပြုရမှာဖြစ်ပါတယ်။ - ဓာတုဗေဒဒြပ်စင်သီးသန့်ဖြစ်တာကြောင့် အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်မှာ အသုံးပြုနိုင်ပါတယ်။ - Lime sulphur - ဓာတုဗေဒအခေါ်အဝေါ်အရ calcium polysulfides solution လို့ ခေါ်ပါတယ်။ ဖောက်ထုံး( Calcium hydroxide) + sulphur ကို ရေနဲ့ရောစပ်ပြီး အပူပေးကျိုချက်ထားတဲ့ အရည်ပုံစံဖြစ်ပါတယ်။ - Mode of action - မှိုစပိုးတွေကို မျိုးညှောင့်မပေါက်လာအောင် ဟန့်တားပေးပါတယ်။ မြေအောင်းပိုးသတ်ဆေး (ရုပ်ဖုံးမှအကောင်ပေါက်မလာစေရန်) အဖြစ်လည်း သုံးနိုင်ပါတယ်။ ဒါက အကန့်အသတ်ရှိပါတယ်။ လွန်ကဲစွာသုံးရင် မြေသားထိခိုက်မှုရှိနိုင်ပါတယ်။ - ထိရောက်မှုအနေနဲ့ ဖားဥမှို၊ ရွက်နက်ပြောက်၊ သံချေး၊ ကြေးဖတ်ရောဂါတို့အတွက် သုံးနိုင်ပါတယ်။ - ဖျော်စပ်တဲ့ရေရဲ့ pH 7.5 အထက်မှာ အာနိသင်ပိုကောင်းပါတယ်။ ရေရဲ့ pH 5-5.5 (ဉပမာ- မိုးရေ) မှာ အာနိသင်ထိရောက်မှုနည်းပါတယ်။ အခြား ဓာတုဆေးများနဲ့ သဟဇာတဖြစ်သော်လည်း acidic ပုံစံတွေဖြစ်တဲ့ ကော့ပါးအခြေခံဆေးတွေ၊ ပိုးသတ်ဆေးတွေနဲ့ သဟဇာတမဖြစ်ပါဘူး။ ဆေးလောင်နိုင်ပါတယ်။ - အဓိက ကွာခြားချက်များ - Sulphur - - အမှုန့်/အခဲပုံစံ - - Slightly acidic- Neutral (pH 6.5-7.5) - - ရောဂါစတင်ချိန်တွင် ထိရောက် (ကုသဆေးမဟုတ်ပါ) - - အပူချိန်မြင့် ၃၅ ဒီဂရီအထက်တွင် ဆေးလောင်နိုင် - - အခြားဆေးများနှင့် သဟဇာတမဖြစ် (ရောစပ်၍မသုံးရ) - Lime sulphur - - အရည်ပုံစံ - - Strongly alkaline (pH >7.5) - - ရောဂါမစတင်မီ ငုပ်လျှိုးကာလတွင် ရောဂါစတင်ဖြစ်ပွါး/ကူးစက်မှုမရှိစေရန် အသုံးပြုနိုင်သည် - - အပူချိန်အပေါ် တုန့်ပြန်မှုနည်းသည် - - အချို့မှိုသတ်ဆေး (strobilurin အုပ်စု) နှင့် သဟဇာတဖြစ် - Lime sulphur ပြုလုပ်နည်းအချိုး - 2:1:10 - ဉပမာ - Sulphur အမှုန့် ၁ ကီလိုဂရမ် - ထုံး Ca(OH)2 ၀.၅ ကီလိုဂရမ် - ရေ ၅ လီတာ - မြေအိုးအသုံးပြုရန် - ဝါး/သစ်သားတုတ်ရှည်ရှည်/ယောင်းမတစ်ချောင်းလိုအပ်ပါသည်။ - - အိုးထဲတွင် ရေအနည်းငယ် (ထုံးမြုပ်ရုံ) ထည့်ပါ။ ထုံးနှင့်ရေ သမအောင်ဖြေးညင်းစွာမွှေပါ - - ထုံးနှင့်ရေ (ပျစ်ပျစ်) သမသွားပါက ဆာလဖာအမှုန့်ကိုထည့်ပါ (ဆက်လက်ရောမွှေပါ) - - လိုအပ်သောရေကို ထပ်မံဖြည့်စွက်ပါ - - မီးဖိုပေါ်တင်၍ မီးအေးအေးဖြင့်ကျိုပါ (အဆက်မပြတ် ဖြေးညင်းစွာမွှေပေးရပါမည်) - - ၄၅-၆၀ မိနစ်ခန့်ကြိုပါ။ ဆေးရည် လိမ္မော်နီရောင်(အရင့်) ပြောင်းလာသည်အထိကျိုရပါမည်။ ထိုသို့အရောင်ပြောင်းချိန်သည် Calcium polysulphides solution ရရှိပြီဖြစ်ပါသည်။ - - အိုးကို မီးဖိုပေါ်မှချ၍ အအေးခံပါ။ ထို့နောက် ပိတ်စပါးပါးဖြင့် စစ်ယူပါ (အနည်အနှစ်/အမှိုက်ပါပါက သန့်စင်စေရန်ဖြစ်သည်) - - သိမ်းဆည်းမည်ဆိုပါက ဖန်/ပလတ်စတစ် ဘူး/ပုံးထဲတွင် သိမ်းဆည်းရပါမည် (ကာလကြာရှည် မသိမ်းသင့်ပါ၊ ချက်ခြင်း လတ်ဆတ်ချိန်တွင် အသုံးပြုပက်ဖျန်းခြင်းသည် အာနိသင်သေချာမှုအတွက် အကောင်းဆုံးဖြစ်သည်။ - ဆေးရည် အသုံးပြုရန် - ၁:၃၀ (သို့မဟုတ်) ၁:၅၀ - ဆေး ၁ ဆ ရေ ၃၀ ဆ (သို့မဟုတ်) ဆေး ၁ ဆ ရေ ၅၀ ဆ (ကြိုတင်ကာကွယ်ရန်) - အပူချိန်မြင့် (နွေရာသီတွင် အသုံးပြုပါက) ဆေး ၁ ဆ ရေ ၁၀၀ ဆ - အပင်ဆေးလောင်မှုမဖြစ်စေရန်ဖြစ်ပါသည်။ - Source: Dr. DaDa - Ph. D Entomology 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
