ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၂၀ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိဘဲ ရာသီဥတု အေးမြကြည်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - ISSUED TIME - 19/01/2025 - 10:30am(MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ပျိုးသောတောင်သူများထံသို့ - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်၏ - • လက်ရှိစပါးပင် ပင်ပိုင်းကြီးထွားချိန်တွင်အဓိကကျရောက်နေသော သရစ်ပိုးအတွက်ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ - • ပင်ပြလက္ခဏာအနေနဲ့ စပါးရွက်ထိပ်ဖျားပိုင်းတွင် ခေါက်ပြီးပြန်ဖြန့်ထားသကဲ့သို့ တွန့်ခေါက်နေသောလက္ခဏာကိုတွေ့ရပါတယ်။ - • နောက်ပိုင်းတွင် စပါးရွက်များလိမ်ပြီးခြောက်သွားသည်ကိုတွေ့ရပါတယ်။ - • ပျိုးခင်းတွင်ကျရောက်ပါက ပျက်စီးဆုံးရှုံးမှုများတဲ့အတွက် သေချာကွင်းဆင်းစစ်ဆေးဖို့လိုပါတယ်။ - • စပါးပင် ၂၅ % ပင်ပိုင်းကြီးထွားချိန်တွင် ကျရောက်ပါက စပါးပင်ကိုရေမြုပ်လုခင်ထိ - (၁ ရက်ခွဲ)ခန့် သွင်းထားပြီးရေထုတ်ပေးပါ။ - • ကြိုတင်ကာကွယ်သည့်အနေဖြင့် EM နှင့် သဘာဝတမာပိုးသတ်ဆေးကို ရောနှော အသုံးပြုနိုင်ပါတယ်။ - • အသုံးပြုနိုင်သောဓာတုဆေးများ- Fipronil, Cartap hydrochloride - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - အအေးဓာတ်ပိုလာတဲ့ ယခုလို ကာလတွေမှာ အစာကျွေးခြင်းကို နံနက် ၉:oo နာရီနဲ့ ညနေ ၃:oo တွင် ဆောင်ရွက်ရန်၊ - ပုစွန်မွေးတောင်သူများအနေဖြင့် အောက်ဆီဂျင် မပြတ်လပ်အောင် ဆောင်ရွက်ရန်နဲ့ ကန်အောက်ခြေ အနယ်များရှိပါက ဖယ်ထုတ်ရန်၊ - ရောနှောမွေးမြူတဲ့ကန်များအနေဖြင့် ပုစွန်ဖော်ခြင်းဆောင်ရွက်ရန်၊ - ဘက်တီးရီးယားများ ပေါက်ပွားလာနိုင်သဖြင့် ငါးရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရန် ဗိုက်တာမင်စီနဲ့ အခြားဆေးဘက်ဝင်အပင်များကို အစာထဲထည့်ကျွေးရန်၊ - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
