cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ထန်းမြစ်(ခေါ်)မြေကြီးထဲကရွှေ

. Post Harvest Management
ထန်းမြစ်(ခ) ထန်းပင်ပေါက်များသည် ထန်းသီးစေ့မှထွက်ရှိလာသော ဆောင်းရာသီကာလတွင် ရရှိသည့်ရာသီစာတစ်မျိုးဖြစ်ပြီး အညာဒေသတစ်ခုတည်းတွင်သာထွက်ရှိသော အစားအစာတစ်မျိုးပင်ဖြစ်ပါသည်။
  • ထန်းပင်မြစ်သည် စိမ့်သက်သောအရသာရှိသည်။ ရင့်သော ထန်းပင်မြစ်က စေးထန်းကာ အရသာပိုကောင်းသည်။ မြန်မာ့ဆေးကျမ်းများတွင် ထန်းပင်မြစ်သည် သွေး၊ လေ၊ သည်းခြေတို့ကိုနိုင်၏။ ဝမ်းကိုလားစေ၏။ သလိပ်ကိုကြေစေ၏။ အသားနှင့် အားကိုဖြစ်စေ၏။ အစာကြေညက်ခြင်းနှင့် ဝမ်းမီးတောက်ခြင်းကိုနိုင်၏ဟူ၍ ဖော်ပြထားသည်။ ထန်းပင်မြစ်သည် လူတို့၏ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဘီဓာတ်ပေါင်းစုအပြင် အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်းပါရှိသည်။ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိ၍ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးသည်။ ဆောင်းရာသီတွင်သာ ပေါပေါများများရရှိသော ထန်းပင်မြစ်သည် ခန္ဓာကိုယ်တွင်း အပူဓာတ်ကို လျှော့ချပေးနိုင်သည့် ဆေးဖက်ဝင်ရာသီစာတစ်မျိုးဖြစ်သည်။

    ထန်းစေ့များကို ဝါခေါင်လ၊ တော်သလင်းလများတွင် စိုက်ပျိုးကြသည်။ ထန်းပင်မြစ်များကို တန်ဆောင်မုန်းလ၊ နတ်တော်လတို့တွင် ထန်းပင်မြစ်အား ဖော်ယူနိုင်သည်။ ရရှိပြီးသော ထန်းပင်မြစ်များကို ၁၀ချောင်းစည်း၊ ၁၅ချောင်းစည်း၊ ၂၅ချောင်းစည်းများပြုလုပ်ကာ ဈေးကွက်အတွင်း ရောင်းချကြသည်။

    (အညာဒေသ) မကွေးတိုင်းဒေသကြီးတွင် ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ယခင် နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း မကွေးမြို့၊ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးတို့ရှိ ထန်းပင်မြစ်ရောင်းဝယ်သူများထံက သိရသည်။ အညာကျေးလက်ဒေသရှိ တောင်သူလယ်သမား ကြီးများအတွက် မိသားစုဝင်ငွေတိုးစေနိုင်သော မြေကြီးထဲကရွှေတစ်မျိုးပင်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

    DOCA(မကွေး)

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
6
comments
0
views
1130