cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကွမ်းခြံသမားများ စျေးကွက်ရရှိနေ

. All News
ပဲခူးတိုင်းဒေသကြီး (အနောက်) ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းတွင် ကွမ်းရွက် စိုက်ပျိုးခြင်းဖြင့် တောင်သူများ တစ်နှစ်ပတ်လုံးဝင်ငွေများ ရရှိနေကြောင်း သိရပါသည်။
  • ပဲခူးတိုင်းဒေသကြီး (အနောက်) ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းတွင် ကွမ်းရွက် စိုက်ပျိုးခြင်းဖြင့် တောင်သူများ တစ်နှစ်ပတ်လုံးဝင်ငွေများ ရရှိနေကြောင်း သိရပါသည်။ ကွမ်းရွက်ကို ပေါင်းတည်မြို့နယ် အတွင်းရှိ ဖားယားကြီးကျေးရွာ၊ ကျွဲတဲကြီးကျေးရွာ၊ ရှားစေးဘို ကျေးရွာ၊ လက်ပံပါးပျဉ်းကျေးရွာ၊ မဲခေါင်းကျေးရွာ၊ ကျွန်းတောလှကျေးရွာ၊ ဝက်မြေလူးကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ဧကရာဇ်ကုန်း ကျေးရွာနှင့် အခြားကျေးရွာများတွင်လည်း စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

    ယခု၂၀၂၄ခု မိုးရာသီ ကွမ်းညွန့်စိုက်ပျိုးချိန်တွင် ကွမ်းညွန့်တစ်ညွန့် (၃၀၀-ကျပ်မှ ၅၀၀-ကျပ်)နှုန်းပေါက် ဈေးရှိပြီး ဩဂုတ်လ ဒုတိယပတ် ကွမ်းရွက်ဈေးနှုန်းများမှာ ခြံပေါက်ဈေး တစ်ပိဿာ (၄၀၀၀)ကျပ်နှုန်း ရှိကြောင်းသိရပါသည်။ ယခင်ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကွမ်းရွက်တစ် ပိဿာ (၁၀၀၀) ကျပ်အထိ ကျဆင်းခဲ့သော ကွမ်းရွက်ဈေးနှုန်းများမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် အပျက်အစီးများရှိသဖြင့် ဈေးနှုန်းပြန်လည် တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ကွမ်းရွက်ပင် စိုက်ပျိုးရာတွင် ကွမ်းညွန်ကိုစိုက်ပျိုးရပြီး မိုးရာသီနှင့် ဆောင်းရာသီ တို့တွင် မိမိတို့ စိတ်ကြိုက်ခြံများမှ ကွမ်းညွန့်များကို ဝယ်ယူစိုက်ပျိုးလေ့ ရှိကြောင်းသိရပါသည်။ မိုးရာသီတွင် စိုက်ပျိုးပါက ရှင်သန် ကြီးထွားမှုမြန်ပြီး ရောဂါကျရောက်မှုများကြောင်း ဆောင်းရာသီစိုက်ပျိုးပါမှု ရှင်သန်ကြီးထွား မှုအသင့်အတင့် ရှိပြီး ရောဂါကျရောက်မှုနဲကြောင်းသိရပါသည်။ ကွမ်းညွန့်ကိုစိုက်ပျိုးမည်ဆိုပါက တစ်ပေခွဲခန့်ရှိသောကွမ်းညွန့်အောက်ခြေမှ အရွက်နှစ်ရွက်ခန့်ကို ဖြုတ်၍ အဆစ်နှစ်ဆစ်မြုပ်ပြီး အလျားလိုက်မြေမြုပ်ကာ စိုက်ပျိုးပေးရပါသည်။ ထို့နောက် ဝါးခြမ်းပြားတိုင် (သို့မဟုတ်) မျှင်ဝါးတိုင်တွင်ကပ်၍ သင်အူ(သို့မဟုတ်)လျှော်ကြိုးဖြင့် ချည်ပေး ရပါသည်။ စိုက်ပျိုးပြီး (၄-၅)လကြာပါက ကွမ်းရွက်များ စတင်ခူးဆွတ်နိုင်ကြောင်း သိရှိရပြီး ကွမ်းစိုက် တောင်သူများ တစ်နှစ်ပတ်လုံး ဝင်ငွေများရရှိနေကြောင်း သိရပါသည်။

    DOCA(ပဲခူး)

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
10
comments
0
views
1726