မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးတွင် မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - မကွေးတိုင်းဒေသကြီးအတွင်းရှိ မြေပဲစိုက်တောင်သူများထံသို့ - မြေပဲဥများစေဖို့အတွက် - · အစိုဓါတ်လုံလောက်စွာရရှိရန် စိုက်ပျိုးချိန်မှန်အောင် စိုက်ပျိုးပါ။ ထယ်ရေးကို ညက်နေအောင် ပြုလုပ်ပါ။ - · မစိုက်ပျိုးမီ တစ်လအလိုမှာ မဖောက်ထုံးတစ်ဧက ပေါင် ၂ဝဝ-၃ဝဝ ထည့်ပြီး ထယ်ထိုးမြေပြင်ကာ နှပ်ထားဖို့ လိုပါတယ်။ - · စိုက်ပျိုးဖို့မြေပြင်ချိန်မှာ ဂျစ်ပဆန်ကျောက်မှုန့်တစ်ဧက ပေါင် ၂ဝဝ ထည့်ပေးဖို့လိုပါတယ်။ - · မြေပဲစွယ်မဆင်းခင် တစ်ပတ်အလိုမှာ တန်းကြားမှာရှိတဲ့ ပေါင်းမြက်များကိုရှင်းလင်း၍ ပင်ခြေကို ဘောင်တင်ပေးဖို့လိုပါတယ်။ ဆင်းပြီးသား မြေပဲစွယ်တွေ မထိခိုက် စေရန်ဂရုပြုဆောင်ရွက်ပါ။ - မြေပဲစွယ်ဆင်းချိန်မှာ မြေတွင်းအစိုဓာတ် အလုံအလောက်ရှိဖို့ ဂရုစိုက်ဖို့ဖြစ်ပါတယ်။ - Source: အောင်ဆန်း(စိုက်ပျိုးရေး) - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေကုန်အောင်ထုတ်ပြီး ၇ ရက်ကြာ ပက်ကြားအက်သည်အထိ ထားရန်၊
- ကန်အောက်ခြေရှိ ပိုးများသေစေရန် ထုံးဖြူးပေးထားရန်၊
- ကန်ခြေမြေသားများကို ဖယ်ထုတ်၍ သီးနှံစိုက်ခင်းများတွင် သုံးရန်၊
- ဆက်လက်မွေးမြူလိုသော ကန်များအနေဖြင့် ညဘက်အောက်ဆီဂျင်ရရှိရေးအတွက် ရေလှည့်ပေးရန်၊
- ရေချဉ်ဖန်နှုန်းတိုင်းတာပေးရန်နှင့် ချဉ်ဖန်နှုန်းတက်နေပါက ထုံးထည့်ခြင်းကို ရှောင်းရှားပြီး ပုလဲမြေဩ ဇာ တစ်ဧက ၆ ပိဿာခန့် ထည့်ပေးရန် သို့မဟုတ် ရှာလကာရည် တစ်ဧက ၄ ပုလင်းခန့်ထည့်ပေးရန်၊
 - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
