မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
. Weather News
မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
- ၂၀၂၅ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ မကွေးတိုင်းဒေသကြီးတွင် မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေကုန်အောင်ထုတ်ပြီး ၇ ရက်ကြာ ပက်ကြားအက်သည်အထိ ထားရန်၊
- ကန်အောက်ခြေရှိ ပိုးများသေစေရန် ထုံးဖြူးပေးထားရန်၊
- ကန်ခြေမြေသားများကို ဖယ်ထုတ်၍ သီးနှံစိုက်ခင်းများတွင် သုံးရန်၊
- ဆက်လက်မွေးမြူလိုသော ကန်များအနေဖြင့် ညဘက်အောက်ဆီဂျင်ရရှိရေးအတွက် ရေလှည့်ပေးရန်၊
- ရေချဉ်ဖန်နှုန်းတိုင်းတာပေးရန်နှင့် ချဉ်ဖန်နှုန်းတက်နေပါက ထုံးထည့်ခြင်းကို ရှောင်းရှားပြီး ပုလဲမြေဩ ဇာ တစ်ဧက ၆ ပိဿာခန့် ထည့်ပေးရန် သို့မဟုတ် ရှာလကာရည် တစ်ဧက ၄ ပုလင်းခန့်ထည့်ပေးရန်၊
 - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
3
0
1528

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
