cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ဧရာဝတီတိုင်းဒေသကြီးရှိ နွေစပါးစိုက်တောင်သူများအနေဖြင့် စိုက်ချိန်ကို ဇန်နဝါရီလလယ်တွင် အပြီးစိုက်ဖို့တိုက်တွန်းလိုက်ရပါတယ်။
  • ၂၀၂၅ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၃၀ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတု ကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။

    Weather Source: Su Su San

    နွေစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • ဧရာဝတီတိုင်းဒေသကြီးရှိ နွေစပါးစိုက်တောင်သူများအနေဖြင့် စိုက်ချိန်ကို ဇန်နဝါရီလလယ်တွင် အပြီးစိုက်ဖို့တိုက်တွန်းလိုက်ရပါတယ်။

    • စိုက်ပျိုးပြီးတောင်သူများအနေဖြင့်လည်း စပါးသက်တမ်း ၁၂ ရက်မှစတင်ပြီး စိုက်ခင်းအတွင်း ပေါက်နေသော ပေါင်းများကိုသေချာကွင်းဆင်းစစ်ဆေးပြီး ပေါင်းပင်ငယ်စဥ် အရွက် ( ၂-၄ ရွက်) ထွက်ချိန်မှစတင်ပြီး ပေါင်းသတ်ဆေးအသုံးပြုပါ။

    • ရွေးချယ်ပေါင်းသတ်ဆေးအနေဖြင့် မြက်ပေါင်းများအတွက် - Cyhalofop butyl ( မြက် ၂-၄ ရွက်ထွက်ချိန်)၊ Fenoxaprop-p-ethyl (မြက်ပေါင်း ၃-၅ ရွက်ထွက်ချိန်)

    • ရွက်ပြန့်ပေါင်းနှင့် မြက်မုန်ညင်းအချို့အတွက် - Ethoxysulfuron ရွေးချယ်နိုင်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက် အကြံပြုချက်

    ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-

    ခုချိန် ငါးကန်တွေမှာ ဘက်တီးရီးယားပိုးပေါက်တဲ့အချိန်ဖြစ်၍ ရေကို စစ်ဆေးပေးရန်၊

    မြစ်ချောင်း၊ အင်းအိုင်များတွင်လည်း ရေကျချိန် ဘက်တီးရီးယားပိုးများပေါက်ချိန်ဖြစ်၍ အဆိုပါ ရေအရင်းမြစ်များမှ ရေကို ငါးကန်ထဲသွင်းချိန်တွင် ရေကို သေချာစစ်ဆေးပြီးမှာသာ သွင်းရန်၊

    ငါးအကြေးခွံကျွတ်ခြင်း၊ ငါးအနီစက်ကျခြင်းတွေ ကျရောက်ချိန်ဖြစ်၍ ထုံးနဲ့ ဆားထည့်ပေးရန်၊

    ငါးဗိုက်ဖောင်းခြင်း၊ ငါးအကြေးခွံကျွတ်ခြင်းတွေခံနိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစာထဲမှာ ပဋိဇီဝ ဆေးများ ထည့်ကျွေးပေးရန်၊

    ----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
9
comments
0
views
1996